
နှစ်စဉ်ကျင်းပနေကျ ၁၀ ကြိမ်မြောက် ပရစ်စတီးနားစန်တာကလော့စ် အပြေးပြိုင်ပွဲအတွက် ခရစ္စမတ်ဘိုးဘိုးရဲ့ အနီရောင်ဝတ်စုံတွေ ဝတ်ထားပြီး ရွှင်ပျနေတဲ့ အပြေးသမား ထောင်ပေါင်းများစွာဟာ ကိုဆိုဗိုနိုင်ငံရဲ့ မြို့တော်က လမ်းတွေပေါ်မှာ ဒီဇင်ဘာ ၁၄ ရက်က ပြည့်နှက်နေပါတယ်။
အားလပ်ရက် ပျော်ရွှင်ရေးနဲ့ ပရဟိတရည်ရွယ်ချက်ကို ရောနှောထားတဲ့ ပွဲတော်လည်း ဖြစ်ပါတယ်။
အသက်အရွယ် အမျိုးမျိုးရှိတဲ့ ဒေသခံတွေနဲ့ ဧည့်သည်တွေဟာ စိန်ခေါ်မှုများတဲ့ ဆောင်းရာသီအတွင်း ဆေးရုံတက်နေရတဲ့ ကလေးတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေကို ထောက်ပံ့တဲ့ အဖွဲ့အစည်းတွေအတွက် ရန်ပုံငွေရှာဖို့ အဖြူရောင် မုတ်ဆိတ်နဲ့ ဂန္ထဝင် ခရစ္စမတ်ဘိုးဘိုး ဝတ်စုံတွေကို ဝတ်ဆင်ရင်း ပွဲတော်ကို ပါဝင်ဆင်နွှဲ ခဲ့ကြပါတယ်။
ဒီပွဲဟာ သက်ဝင်လှုပ်ရှားတဲ့ ပတ်ဝန်းကျင်နဲ့ အသိုက်အဝန်း စိတ်ဓာတ်ကို ချီးကျူးဂုဏ်ပြုတဲ့ မိသားစုတွေကို ဆွဲဆောင်ခဲ့ပါတယ်။
ဒါဟာ အလွန်ထူးခြားတဲ့ ပွဲတခုဖြစ်သလို တခြားသူတွေကို ကူညီရာမှာလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရှုထောင့်တခု ဖြစ်ပါတယ်လို့ ပါဝင်သူ အာတာ ဘလာကာက ပြောပါတယ်။
ပြိုင်ပွဲအပြီးမှာ မြောက်အတ္တလန္တိတ်စစ်ရေးမဟာမိတ် (NATO) အဖွဲ့ရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် အပြေးသမားတွေဟာ ဆုတံဆိပ်တွေ ရခဲ့ကြပြီး ဖျော်ဖြေပွဲတွေနဲ့ အကတွေပါတဲ့ ခရစ္စမတ်ဈေးမှာ အောင်ပွဲခံခဲ့ကြပါတယ်။


