
ယူကရိန်းအတွက် ချေးငွေအစီအစဉ်မတိုင်ခင်မှာ ရုရှားရဲ့ ပိုင်ဆိုင်မှုတွေကို အကန့်အသတ်မရှိ ထိန်းသိမ်းထားဖို့ အီးယူက ဒီဇင်ဘာ ၁၂ ရက်မှာ သဘောတူခဲ့ပါတယ်။
ဒါဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို ကာကွယ်နေရတဲ့ ယူကရိန်းနိုင်ငံအတွက် ငွေကြေးအသုံးပြုခွင့် အဟန့်အတားကို ပယ်ဖျက်နိုင်တာပဲဖြစ်ပါတယ်။
ရုရှားရဲ့ ကျူးကျော်မှုဟာ ကိုယ်ပိုင်လုံခြုံရေးကို ခြိမ်းခြောက်တာဖြစ်တဲ့အတွက် ယူကရိန်းစစ်ပွဲ ဆက်ပြီးဆင်နွှဲဖို့ ငွေကြေး အသုံးပြုစေမှာဖြစ်ပါတယ်။
ပထမအဆင့်အဖြစ် အီးယူဟာ ရုရှားပိုင် ဒေါ်လာ ၂၄၆ သန်းကို ထိန်းသိမ်းထားဖို့ ၆ လ ၁ ကြိမ် မဲပေး သက်တမ်းတိုးမဲ့အစား ရက်အကန့်အသတ်မရှိ ထိန်းချုပ်ထားဖို့ သဘောတူခဲ့ပါတယ်။
ဒီလိုလုပ်ဆောင်ခဲ့တာက ရုရှားနိုင်ငံကို ငွေတွေ ပြန်ပေးဖို့ တွန်းအားပေးတဲ့ ဟန်ဂေရီနဲ့ ဆလိုဗက်ကီးယားနိုင်ငံတို့ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် အကန့်အသတ်မရှိ ငွေကြေးထိန်းသိမ်းထားမှုက အီးယူရဲ့ အစီအစဉ်ကို ဘယ်ဂျီယံနိုင်ငံက ထောက်ခံဖို့ ယုံကြည်လာဖို့လည်း ကူညီနိုင်ပါတယ်။
အီးယူဟာ ယူကရိန်းကို ယူရို ၁၆၅ ဘီလီယံအထိ တိုးချဲ့ ချေးမှာဖြစ်ပြီး ၂၀၂၆ နဲ့ ၂၀၂၇ ခုနှစ် စစ်ရေးနဲ့ အရပ်ဘက် ဘတ်ဂျက်အတွက် ရည်ရွယ်ထားပါတယ်။
ဒီချေးငွေဟာ ရုရုားက ယူကရိန်းကို စစ်လျှော်ကြေးပေးမှသာ ယူကရိန်းက ပြန်ပေးရမှာဖြစ်ပါတယ်။
အီးယူခေါင်းဆောင်တွေဟာ ဒီဇင်ဘာ ၁၈ ရက်မှာ ချေးငွေကိစ္စနဲ့အကြောင်း အသေးစိတ် ဆွေးနွေးမှာဖြစ်ပြီး ကျန်နေတဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းကြမှာဖြစ်ပါတယ်။
အဲ့ဒီအချက်တွေထဲမှာ အီးယူအဖွဲ့က ဘယ်ဂျီယံနိုင်ငံကို အာမခံချက်ပေးဖို့လည်း ပါဝင်ပါတယ်။ ဘယ်ဂျီယံနိုင်ငံကို ရုရှားက တရားစွဲလာမဲ့ အလားအလာအတွက် အဲ့ဒီအချက်ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။
Source: Reuters


