
ပြင်သစ်လိဂ်မှာခြေစွမ်းပြနေတဲ့ အင်္ဂလန်ကစားသမား မေဆန်ဂရင်းဝုဒ်ဟာ ဘလွန်းဒီအော ကမ္ဘာ့ အကောင်းဆုံးကစားသမားဆုပါ ရရှိနိုင်ကြောင်း မာဆေးလ်နည်းပြ ဒီဇာဘီက ပြောပါတယ်။
ဂရင်းဝုဒ်ဟာ ဘယ်လ်ဂျီယံကလပ် စိန့်ဂယ်လွိက်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရတဲ့ချန်ပီယံလိဂ် ပွဲစဉ်မှာ ၂ ဂိုးသွင်းခဲ့ပြီး ဒီရာသီပြိုင်ပွဲစုံပွဲ ၂၀ ကစားအပြီးမှာ ၁၃ ဂိုးသွင်းယူခဲ့ကာ ၄ ကြိမ်ဂိုးဖန်တီး ပေးထားတာပါ။
ဂရင်းဝုဒ်ကို နေ့စဉ်မြင်တွေ့နေရတာကြောင့် ဘလွန်းဒီအောဆုရယူနိုင်ဖို့ အလားအလားရှိသူဖြစ်ပြီး ဂရင်းဝုဒ်လောက်ကောင်းတဲ့တခြားကစားသမား မမြင်တွေ့မိကြောင်း မာဆေးလ်နည်းပြဒီဇာဘီက ပြောပါတယ်။
ဂရင်းဝုဒ်အနေနဲ့ ဘလွန်းဒီအောဆုရယူနိုင်ဖို့ အရာအားလုံးလုပ်ဆောင်ဖို့ ဆန္ဒရှိ၊ မရှိနဲ့ တိုက်ပွဲဝင်မဲ့ စိတ်ဓာတ် ရှိ၊ မရှိက ကစားသမားဖြစ်သူအပေါ်မှာပဲ မူတည်နေကြောင်း မာဆေးလ်နည်းပြ ဒီဇာဘီက ပြောသွားပါတယ်။
Photo: Reuters


