
ပြင်သစ်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ကာရစ်ဘီယံရေပြင်မှာ ကိုကင်း ၂ တန်ကျော် သိမ်းဆည်းရမိကြောင်း ဒီဇင်ဘာ ၁၁ ရက်က ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁ ရက်က ပြင်သစ်နိုင်ငံပိုင် ပြည်ပနယ်မြေတွေရှိတဲ့ ကာရစ်ဘီယံပင်လယ်ရှိ ကြီးမားတဲ့ ကျွန်းစုတခုဖြစ်တဲ့ အန်းတီလိစ်မှာ ခုတ်မောင်းနေတဲ့ အလံမပါတဲ့ ငါးဖမ်းလှေတစင်းပေါ်မှာ မူးယစ်ဆေးဝါး ၂,၃၆၀ ကီလိုဂရမ် (၅၂၀၃ ပေါင်) ကို တွေ့ရှိခဲ့တာပါ။
ဒီအချိန်မှာ ဖမ်းဆီးရမိတဲ့ ကိုကင်း ၆၇ ထုပ်ကြောင့် ၂၀၂၅ ခုနှစ်အတွင်း အဲဒီဒေသမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး စုစုပေါင်း ၃၁ တန် ရှိလာပြီလို့ လက်နက်ကိုင်တပ်ဖွဲ့တွေက ပြောပါတယ်။
Source: Reuters


