
အီရတ်နိုင်ငံ၊ ကာဒစ်စတန်ဒေသရှိ ချမ်ချာမလ်ခရိုင်မှာ ရေကြီးရေလျှံခဲ့တာကြောင့် ဒီဇင်ဘာ ၉ ရက်မှာ အနည်းဆုံး လူ ၂ ယောက် သေဆုံးပြီး ကလေး ၂ ယောက် ပျောက်ဆုံးနေကာ လူ ၄ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအရာရှိတွေကို ကိုးကားပြီး ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျယ်ကျယ်ပြန့်ပြန့် ရေကြီးရေလျှံခဲ့ပြီး ဆူလေမာနီယာ ပြည်နယ်ရှိ ကားလမ်းတွေ ရေနစ်မြုပ်ကာ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ထုတ်ပြန်ပါတယ်။
အိမ်ပိုင်ရှင်ဖြစ်သူ ဒရီယာ ဂါဘရီယယ်က “မိုးက သည်းသည်းမည်းမည်း ရွာသွန်းပြီး ရေကြီးရေလျှံမှု အားကောင်းလို့ ရေတွေ အိမ်ထဲတွန်းဝင်လာတာ၊ အိမ်အတွင်းပိုင်းမှာလည်း ကြီးကြီးမားမား ထိခိုက်ပျက်စီးသွားရပြီး ဘာပစ္စည်းမှလည်း မကျန်ရှိတော့ဘူး” လို့ ပြောပါတယ်။
Source: Reuters


