
ရုရှားနဲ့ အိန္ဒိယနိုင်ငံတို့ဟာ လာမဲ့ ၅ နှစ် ၂၀၃၀ ပြည့်နှစ်မှာ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ အထိ ရောက်လာမှာဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က ပြောပါတယ်။
အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုနဲ့ ရင်ဆိုင်နေရပေမဲ့ အိန္ဒိယဝန်ကြီးချုပ်မိုဒီဟာ ပူတင်နဲ့ ရေနံ၊ ကာကွယ်ရေးပစ္စည်းတွေ အပါအဝင် တခြား ကုန်သွယ်မှုတွေ တိုးချဲ့ပြီး ၁၀ စုနှစ်များစွာ အထိ သဘောတူခဲ့တာ ဖြစ်ပါတယ်။
ရုရှားရေနံတွေ ဝယ်ယူနေတဲ့ အိန္ဒိယနိုင်ငံကို အခွန်တိုး ကောက်မယ်လို့ အမေရိကန်က ပြောထားချိန်မှာပဲ ပူတင်က အိန္ဒိယနိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး ရုရှားနဲ့ အိန္ဒိယ ကုန်သွယ်မှု တိုးမြှင့်ခဲ့တာပါ။
၂၀၃၀ ပြည့်နှစ်မှာ ဒေါ်လာ ဘီလီယံ ၁၀၀ အထိ ဖြစ်လာဖို့ အိန္ဒိယထုတ်ကုန်တွေ ပိုပြီးတင်ပို့ ရမယ်လို့ ရုရှားက ပြောပါတယ်။
ရုရှားနဲ့ အိန္ဒိယနိုင်ငံတို့ဟာ အိန္ဒိယနိုင်ငံရဲ့ ကြီးမားပြီး ဖွံ့ဖြိုးလာတဲ့ စီးပွားရေးနဲ့ နည်းပညာတွေကို အပြည့်အဝအသုံးချဖို့ ဆန္ဒရှိကြောင်း ပူတင်က ပြောပါတယ်။
ရုရှားဟာ ဒီဂျစ်တယ်ပြောင်းလဲခြင်း၊ စက်ရုပ်ပြုလုပ်ခြင်း၊ ဆေးဝါးနဲ့ AI နည်းပညာစတဲ့ အဆင့်မြင့် နယ်ပယ်တွေမှာ အိန္ဒိယနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့လည်း ပူတင် ဆိုပါတယ်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ အိန္ဒိယမှာ ပြုလုပ်မဲ့ AI ထိပ်သီးအစည်းအဝေးပွဲမှာ ရုရှားနိုင်ငံလည်း ပါဝင်ဖွယ်ရှိပါတယ်။
Source: Reuters


