
ချဲလ်ဆီးအသင်းဟာ ဘူကီနာဖာဆိုကွင်းလယ်ကြယ်ပွင့်ကို ခေါ်ယူဖို့ မန်ချက်စတာ ၂ သင်းနဲ့အပြိုင် ကြိုးပမ်းနေပါတယ်။
အဲဒီကစားသမားက အသက် ၁၆ နှစ်ပဲရှိသေးပြီး ယူ-၁၇ ကမ္ဘာ့ဖလားမှာ အမိနိုင်ငံနဲ့အတူ ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် ထိပ်တန်းကလပ်တွေရဲ့ မျက်စိကျခြင်းခံနေရသူပါ။
ဘူကီနာဖာဆို ယူ-၁၇ အသင်းဟာ ကျင်းပခဲ့တဲ့ ယူ-၁၇ ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ်အထိ တက်လှမ်းခဲ့ပြီး ကွင်းလယ်တိုက်စစ်ကစားသမား မိုဟာမတ်ဇွန်ဂိုက ဂျာမနီကို ကျော်ဖြတ်ခဲ့တဲ့ပွဲစဉ်က တလုံးတည်းသော အနိုင်ဂိုးအပါအဝင် စုစုပေါင်း ၂ ဂိုးသွင်းခဲ့သူပါ။
ညာတောင်ပံမှာလည်း ကစားနိုင်တဲ့ ဇွန်ဂိုကို မန်ယူနဲ့ မန်စီးတီးအသင်းတွေနဲ့ အပြိုင်ခေါ်ယူဖို့ ချဲလ်ဆီးအသင်းကလည်း စတင်ကြိုးပမ်းလာခဲ့တာပါ။
ဇွန်ဂိုကိုခေါ်ယူဖို့ ဗီလာရီးရဲလ်နဲ့ အန်ဒါလက်ချ်အသင်းတွေကလည်း ဆက်သွယ်စုံစမ်းနေပြီး ချဲလ်ဆီးအသင်းက လက်ဦးမှုရယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
Photo: Reuters


