
အမေရိကန်နဲ့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ တရုတ်နိုင်ငံက ဗင်နီဇွဲလားရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်ကို ထောက်ခံအားပေးနေတယ်လို့ သမ္မတ နီကိုလပ်စ်မာဒူရိုက ပြောကြားလိုက်ပါတယ်။
ဒီဇင်ဘာ ၄ ရက်က ထုတ်လွှင့်ခဲ့တဲ့ "Con Maduro de Repente" ရေဒီယိုအစီအစဉ်မှာ မာဒူရိုက အခုလို မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။
သမ္မတမာဒူရိုက "လက်နက်ကိုင် တိုက်ပွဲဝင်ရမယ်ဆိုရင်တောင် ဒါဟာ ငြိမ်းချမ်းရေး၊ အချုပ်အခြာအာဏာနဲ့ မိခင်မြေအတွက် တိုက်ပွဲဝင်တာဖြစ်လိမ့်မယ်"လို့ ပြောပါတယ်။
ဗင်နီဇွဲလားနိုင်ငံအနေနဲ့ အချုပ်အခြာအာဏာ ကျင့်သုံးခွင့်နဲ့ ငြိမ်းချမ်းခွင့်ရှိတာကို ပေကျင်းက လူသိရှင်ကြား ထောက်ခံထားတယ်လို့လည်း သူက ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုက ကာရေဘီယံနဲ့ ပစိဖိတ်ဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်တင်နေချိန်မှာ မာဒူရိုက အခုလို တုံ့ပြန်ပြောဆိုလိုက်တာပါ။
စက်တင်ဘာလ အစောပိုင်းကစပြီး အမေရိကန်တပ်ဖွဲ့တွေဟာ မူးယစ်ဆေးဝါးမှောင်ခိုလှေလို့ ယူဆရတဲ့ ရေယာဉ်တွေကို အနည်းဆုံး ၂၁ ကြိမ် တိုက်ခိုက်ခဲ့ရာမှာ လူ ၈၀ ကျော် သေဆုံးခဲ့ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ မာဒူရိုအစိုးရအပေါ် ဖိအားပေးမှုတွေ တိုးမြှင့်နေပြီး မာဒူရိုက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေကို ခွင့်ပြုပေးနေတယ်လို့ ဝါရှင်တန်က စွပ်စွဲထားပြီး မာဒူရိုကတော့ ဒီစွပ်စွဲချက်တွေကို အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။
Source: Reuters


