
ဩစတြေးလျမှာ အသက် ၁၆ နှစ်အောက်တွေ instagram၊ facebook နဲ့ Threads တို့ သုံးစွဲခွင့် ပိတ်ပင်မှုကို Meta ကုမ္ပဏီက စတင်လုပ်ဆောင်ခဲ့ပါတယ်။
ဩစတြေးလျမှာ ကလေးတွေ လူမှုကွန်ရက် အသုံးပြုခွင့် ပိတ်ပင်မှု မစတင်မီ တပတ်အလိုမှာ Meta က အခုလို လုပ်ဆောင်ခဲ့တာပါ။
နည်းပညာကုမ္ပဏီ Meta ဟာ အသက် ၁၆ နှစ်အောက် ကလေးတွေအတွက် လူမှုကွန်ရက် အသုံးပြုခွင့် ပိတ်ပင်မယ်ဆိုတဲ့အကြောင်း ပြီးခဲ့တဲ့လက ကြေညာခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၄ ရက်မှာ စပိတ်လိုက်တာပါ။
ဒီလိုပိတ်ပင်မှုကြောင့် facebook အသုံးပြုသူ ၁၅၀,၀၀၀ နဲ့ Instagram အကောင့် ၃၅၀,၀၀၀ တို့ကို ပိတ်ပင်ခံရဖွယ်ရှိတယ်လို့ ခန့်မှန်းရပြီး Threads လည်း ပါဝင်မှာဖြစ်ပါတယ်။
ဩစတြေးလျနိုင်ငံဟာ ဒီဇင်ဘာ ၁၀ ရက်ကစပြီး လူငယ်တွေ လူမှုကွန်ရက် အသုံးပြုခွင့် ပိတ်ပင်မှာဖြစ်တာကြောင့် ကမ္ဘာ့ပထမဆုံး လူမှုကွန်ရက် ပိတ်ပင်တဲ့နိုင်ငံ ဖြစ်လာပါတယ်။
နည်းပညာကုမ္ပဏီကလည်း အသက် ၁၆ နှစ်အောက်တွေကို မဖယ်ရှားဘူးဆိုရင် ဒေါ်လာ ၃၃ သန်း ဒဏ်ကြေးပေးဆောင်ရမှာ ဖြစ်ပါတယ်။
အသက် ၁၆ နှစ်အောက်တွေ App Store မှာ Download လုပ်မယ်ဆိုရင် မိဘတွေရဲ့ အတည်ပြုချက်ရယူဖို့ ဩစတြေးလျအစိုးရက တောင်းဆိုထားပါတယ်။
Meta ကလည်း app တွေကို အသုံးပြုဖို့ သုံးစွဲသူမှန်ကန်ကြောင်း တောင်းဆိုတဲ့ ဆယ်ကျော်သက် အချက်အလက်တွေကို ပယ်ဖျက်မယ်လို့ ပြောထားပါတယ်။
Meta ကုမ္ပဏီလက်အောက်မှာ လူမှုကွန်ရက် ၃ ခုရှိပြီး တခြားလူမှုကွန်ရက်တွေဖြစ်တဲ့ Youtube, X, TikTok, Snapchat, Reddit, Kick, Twitch စတဲ့ app တွေလည်း ပိတ်ပင်မှုမှာ ပါဝင်မှာဖြစ်ပါတယ်။
ဒီနှစ်အစောပိုင်းက လေ့လာချက်အရ ဩစတြေးလျမှာ အသက် ၁၀ နှစ်ကနေ ၁၅ နှစ်အတွင်း ဆိုရှယ်မီဒီယာ အသုံးပြုသူ ၉၆ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။
Source: Reuters


