
အွန်လိုင်းရှော့ပင်းလုပ်ငန်းကြီးတွေကိုပါ နာမည်ပျက်စေခဲ့တဲ့ ကလေးပုံစံ လိင်အရုပ်တွေ ထုတ်လုပ်နေတဲ့ တရုတ်နိုင်ငံ၊ ကွမ်တုံပြည်နယ်က စက်ရုံတရုံကို ဒေသအာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး ထုတ်လုပ်မှု ချက်ချင်းရပ်ဆိုင်းဖို့ အမိန့်ပေးလိုက်ပါတယ်။
ဒီအရုပ်တွေကို နာမည်ကြီး အွန်လိုင်းဝက်ဘ်ဆိုက်တွေမှာ ရောင်းချနေတာဖြစ်ပြီး Shein (ရှီအင်း) ကုမ္ပဏီကတော့ ဝေဖန်မှုတွေကြောင့် လိင်အရုပ်ရောင်းချမှု အားလုံးကို ကမ္ဘာတဝန်းမှာ ပိတ်ပင်လိုက်ပါတယ်။
AliExpress အွန်လိုင်းရှော့ပင်းကိုလည်း ပြင်သစ်အာဏာပိုင်တွေက အလားတူကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေပါတယ်။
ဆွီဒင်နိုင်ငံ လူမှုရေးဝန်ကြီး ကာမီလာ ဝေါ်လ်တာဆန် ဂရွန်ဗဲလ်က “အီလက်ထရွန်းနစ် ကုန်သွယ်ရေးကုမ္ပဏီတွေ အနေနဲ့ သူတို့တာဝန် သူတို့ယူပြီး ကလေးတွေနဲ့တူတဲ့ လိင်အရုပ်တွေ ဈေးကွက်တင်ရောင်းချတာကို အဆုံးသတ်ဖို့ အစွမ်းကုန် လုပ်ဆောင်ရမယ်” လို့ သတိပေးထားပါတယ်။
နည်းပညာတိုးတက်လာတာနဲ့အမျှ AI နည်းပညာသုံးပြီး စကားပြောနိုင်တဲ့ အရုပ်တွေအထိပါ စိတ်ကြိုက်မှာယူ ဖန်တီးလာနိုင်ကြတာ ဖြစ်ပါတယ်။
Source:Reuters


