
“မိုးသောက်ချိန်” DVB ရုပ်သံအစီအစဉ်ဟာ လူငယ်အနုပညာရှင်တွေ၊ စာပေအနုပညာသမားတွေ နဲ့အတူ ဂီတ၊ စာပေ အနုပညာအကြောင်းတွေ ပေါ့ပေါ့ပါးပါး ဝိုင်းဖွဲ့ ဆွေးနွေးကြတဲ့ စကားဝိုင်းလေး ဖြစ်ပါတယ်။
ဒီတပတ်မှာတော့ အနုပညာရှင် ဆရာ ကျော်ဝေဖြိုးနဲ့ လူငယ်ဂီတပညာရှင် ကိုဒယ်နီရယ်စောတို့ ပါဝင်ဆွေးနွေးပေးထားတာ ဖြစ်ပါတယ်။
ဆရာကျော်ဝေဖြိုးကိုတော့ အတော်များများက ဆရာမိ၊ ကိုမိ အဲဒီလို ခေါ်ဆိုကြပါတယ်။ သူဟာ The Villager Band တည်ထောင်သူ ဂီတသမားတယောက်ဖြစ်ပါတယ်။ ဆရာ ကျော်ဝေဖြိုးဟာ အရင်က မုံရွာ စီးပွားရေးတက္ကသိုလ်မှာ ကထိက တယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း ဖက်ဒရယ်ဒီမိုကရေစီပညာရေး ပြောင်းလဲရေးအတွက် advocate လုပ်နေသူတယောက် ဖြစ်ပါတယ်။ လက်ရှိမှာလည်း စစ်ကိုင်းဖိုရမ်ရဲ့ ဒုတိယဥက္ကဋ္ဌတယောက် ဖြစ်ပါတယ်။
နောက်တယောက်ကတော့ လူငယ်ဂီတပညာရှင် ကိုဒယ်နီရယ်စော ဖြစ်ပါတယ်။ သူဟာ နွေဦးတော်လှန်ရေးကာလ မတိုင်ခင်ကတည်းက ဂီတနဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူ တယောက် ဖြစ်ပါတယ်။ လက်ရှိမှာလည်း နွေဦးတော်လှန်ရေးကာလမှာ ဂီတနဲ့ တော်လှန်နေသူတယောက် ဖြစ်ပါတယ်။
ဒီအစီအစဉ်မှာ ဆရာ ကျော်ဝေဖြိုး၊ ကိုဒယ်နီရယ်စောတို့နဲ့အတူ DVB ဝိုင်းတော်သား အစီအစဉ်တင်ဆက်သူတွေ ဖြစ်ကြတဲ့ ဝမ်ဒီ နဲ့ ငုခတ္တာ တို့ကလည်း ပူးပေါင်းတင်ဆက်ပေးထား ပါတယ်။
အပြည့်အစုံကြည့်ရှုရန် (အပိုင်း ၁)


