
ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ်ရဲ့ ပြောစကားကို ပြန်ရုပ်သိမ်းဖို့ ဂျပန်ပြည်သူ ထောင်နဲ့ချီပြီး ဆန္ဒပြခဲ့ကြပြီး ရာထူးကနေ နုတ်ထွက်ဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။
နိုဝင်ဘာ ၂၈ ရက်က ဂျပန်ဝန်ကြီးချုပ်ရုံးအပြင်မှာ တောင်းဆိုခဲ့တာဖြစ်ပြီး “ဝန်ကြီးချုပ်တာကာအိချိ စစ်ဖြစ်အောင် မလှုံဆော်ပါနဲ့၊ မှတ်ချက်ကို ချက်ချင်း ရုပ်သိမ်းပါ၊ ဖွဲ့စည်းပုံကို လိုက်နာပါ” ဆိုတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ကြပါတယ်။
တာကာအိချိဟာ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၇ ရက်က မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံက ထိုင်ဝမ်ကို အင်အားသုံးတာက ဂျပန်နိုင်ငံရဲ့ ရှင်သန်မှုအခြေအနေကို ခြိမ်းခြောက်တာဖြစ်ပြီး ဂျပန်နိုင်ငံက လက်နက်ကိုင်ကာ ထိုင်ဝမ်အရေးကို ဝင်ရောက်စွက်ဖက်သွားမှာ ဖြစ်ကြောင်း တာကာအိချိက အရိပ်အမြွတ်ပြောဆိုခဲ့တာဖြစ်ပါတယ်။
အဲ့ဒီလို မှတ်ချက်ပေးခဲ့ပြီးနောက် ဂျပန်နိုင်ငံရဲ့ လမ်းတွေမှာ ဝန်ကြီးချုပ်ရဲ့ မှတ်ချက်ကို ဆန့်ကျင်မှုတွေရှိခဲ့ကာ သောကြာနေ့ ဆန့်ကျင်ဆန္ဒပြမှုက တတိယအကြိမ် ဖြစ်ပါတယ်။
တာကာအိချိက သူရဲ့မှတ်ချက်က အစိုးရရဲ့ ကာလရှည်အမြင်နဲ့ အတူတူပဲဖြစ်လို့ မှတ်ချက်ကို ပြန်ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ အခိုင်အမာပြောဆိုထားပါတယ်။
ဆန္ဒပြသူတွေက ဒီမှတ်ချက်ဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးလို့ ယုံကြည်နေကြပြီး တချို့လူတွေကလည်း အာရှမှာ ဂျပန်နိုင်ငံရဲ့ အခန်းကဏ္ဍနဲ့ အနာဂတ်ကို စိုးရိမ်မှုတွေရှိနေကြပါတယ်။
Source: Reuters


