
မူးယစ်ဆေးဝါးရောင်းဝယ်မှုကို ကိုင်တွယ်ဖြေရှင်းဖို့ အမေရိကန်ပြည်ထောင်စုဟာ တပ်ဖွဲ့ဝင်တွေနဲ့ လေယာဉ်တွေ ထပ်ပြီးတာဝန်ချထားရေး ခွင့်ပြုဖို့ ရည်ရွယ်ထားတယ်လို့ ပင်တဂွန်အကြီးအကဲ ပိထ် ဟက်ဇက်က နိုဝင်ဘာ ၂၆ ရက်မှာ ပြောပါတယ်။
အမေရိကန်တပ်ဖွဲ့ဝင်တွေကို ယာယီတပ်ချထားဖို့ ခွင့်ပြုထားတဲ့ ဒိုမီနီကန်သမ္မတနိုင်ငံမှာ ရောက်နေတဲ့ ဟက်ဇက်က ခုလို ပြောခဲ့တာပါ။
တခြားနိုင်ငံတွေက သူတို့ရဲ့မြေပေါ်မှာ အမေရိကန်စစ်တပ် ရှိနေတာကို လက်ခံလိမ့်မယ်လို့ မျှော်လင့်ထားတဲ့ အကြောင်းနဲ့ ဒိုမီနီကန်သမ္မတနိုင်ငံဟာ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေကို တိုက်ဖျက်ရာမှာ ဆက်လက်ဦးဆောင်ကူညီသွားမယ်လို့လည်း သူက ပြောပါတယ်။
အမေရိကန်ဟာ မကြာသေးမီလတွေအတွင်း ကာရစ်ဘီယံဒေသမှာ စစ်ဆင်ရေးတွေကို တိုးမြှင့် လုပ်ဆောင်ခဲ့တာပါ။ စစ်ဆင်ရေးတွေထဲမှာ မူးယစ်ဆေးဝါးရောင်းဝယ်ရာမှာ ပါဝင်ပတ်သက်နေတယ်လို့ ယူဆရတဲ့ သင်္ဘောတွေကို တိုက်ခိုက်မှုတွေ ပါဝင်ပြီး လူအများအပြား သေဆုံးခဲ့ပါတယ်။
Source: Reuters


