Home
နိုင်ငံတကာ
ကျော်ကြားမှုကြောင့် ဂီတသမားများ အသက်တိုနိုင်ကြောင်း လေ့လာတွေ့ရှိ
DVB
·
November 27, 2025

ဂီတသမားတွေဟာ ကျော်ကြားမှုကြောင့် အသက်တိုနိုင်ကြောင်း လေ့လာမှုတွေက ဖော်ပြပါတယ်။ နာမည်ကျော် အဆိုတော်တွေနဲ့ လူသိနည်းတဲ့ အနုပညာရှင်တွေကြား နှိုင်းယှဉ်ချက်ကို လေ့လာခဲ့တာ ဖြစ်ပြီး နာမည်ကျော်တွေက သက်တမ်းတိုကြောင်း တွေ့ရှိမှု အသစ်တွေက ဖော်ပြပါတယ်။ 

Epidemiology နဲ့ Community Health တို့ရဲ့ ဂျာနယ်က ဖော်ပြချက်အရ နာမည်ကျော်တွေဟာ ၄ ဒသမ ၆ နှစ် အသက်တိုနိုင်တယ်လို့ သိရပါတယ်။ 

ဖျော်ဖြေရေးခရီး၊ ဖျော်ဖြေမှုနဲ့ ရော့အင်ရိုးလူနေမှုဘဝက အသက်တိုကြောင်း အစောပိုင်းကတည်းက ရှာဖွေတွေ့ရှိထားမှုဖြစ်ပါတယ်။ ဒါပေမဲ့ လေ့လာမှုအသစ်ရ ကျော်ကြားမှုနဲ့ သေဆုံးနိုင်ခြင်းတို့အကြား လေ့လာမှုအသစ်ကို ပထမဆုံးအကြိမ် လေ့လာခဲ့တာပဲ ဖြစ်ပါတယ်။ 

ဂျာမနီနိုင်ငံ Written Herdecke တက္ကတသိုလ်ရဲ့ လေ့လာမှုအရ ဂီတသမားပေါင်း ၆၄၈ ယောက်ကို လေ့လာခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီထဲက တဝက်က ကျော်ကြားသူများဖြစ်ပြီး ကျန်တဝက်က ကျော်ကြားမှုနည်းပါးတဲ့ ဂီတသမားတွေ ဖြစ်ပါတယ်။ အဲဒီအထဲမှာ အဆိုတော်တွေ၊ လိဒ်ဂစ်တာသမားတွေ၊ တကိုယ်တော် အနုပညာရှင်တွေ ပါဝင်ပါတယ်။

ဒီလိုနာမည်ကျော်တွေကိုလည်း Acclaimed Music ရဲ့ ဝက်ဆိုဒ်က ဖော်ပြထားတဲ့ အချိန်တိုင်းအတွက် အကောင်းဆုံး အနုပညာရှင် ၂၀၀၀ ကို ကြည့်ပြီး ရွေးချယ်ထားတာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ The Beatles၊ Bob Dylan ၊ Rolling Stone၊ David Bowieနဲ့ ဘရုစပရင်စတိန်း တို့လို ထိပ်တန်းအဖွဲ့တွေ ပါဝင်ပါတယ်။ 

အဲဒီလေ့လာမှုမှာ နာမည်ကျော်တွေက အသက် ၇၅ နှစ်အထိ နေထိုင်ခဲ့ကြပြီး နာမည်မကြီးသူတွေက အသက် ၇၉ နှစ်အထိ နေထိုင်နိုင်ခဲ့ကြောင်း တွေ့ရှိခဲ့ပါတယ်။ ကျော်ကြားမှုက ကျန်းမာရေးကို ထိခိုက်စေတဲ့ အဓိကအချက်ဖြစ်စေတယ်လို့ လေ့လာမှုက တွေ့ရှိခဲ့တာဖြစ်ပါတယ်။ 

တကိုယ်တော် အဆိုတော်တွေဟာ တီးဝိုင်းနဲ့ အဆိုတော်တွေထက် သေဆုံးနိုင်ခြေ ပိုများတယ်လို့လည်း ဆိုပါတယ်။ အဆိုတော်တွေဟာ ကိုယ်ပိုင်လွတ်လပ်ခွင့် ဆုံးရှုံးပြီး၊ လူထုရဲ့ အာရုံစိုက်ခံရတာနဲ့ ဖျော်ဖြေရေးဖိအားတွေကလည်း အသက်တိုရခြင်း ဖြစ်နိုင်ကြောင်း အဆိုပြုထားပါတယ်။ 

၂၀၀၇ ခုနှစ်က အမေရိကအခြေစိုက်အဖွဲ့ရဲ့ လေ့လာမှုအရ အသက် ၂ နှစ်ကနေ ၂၅ နှစ်အတွင်း ကျော်ကြားခဲ့တဲ့ တွေဟာ သာမန်လူတွေထက် သေဆုံးနိုင်ခြေ ၂ ဆကနေ ၃ ဆအထိ များတယ်လို့ ဆိုပါတယ်။ 

အသက် ၂၇ နှစ်မှာ သေဆုံးခဲ့ကြတဲ့ ကတ်ကိုဘိန်း၊ ဘရီရန်ဂျုံး၊ ဂျီမီဟန်ဒရစ်၊ ဂျာနစ်ဂျိုပလင်၊ ဂျင်မိုရစ်ဆန်နဲ့ အေမီဝိုင်ဟောက်တို့ကြောင့် 27 Club လို့ ညွှန်းဆိုခဲ့တာမျိုးရှိပါတယ်။ ၂၀၁၁ ခုနှစ် ဗြိတိန်ဆေးဂျာနယ်ရဲ့ ဖော်ပြချက်အရ ၂၇ နှစ်မှာ သေဆုံးနိုင်ခြေများတယ်ဆိုတာ မဟုတ်ဘဲ အသက် ၂၀ ကနေ ၃၀ အတွင်း သေဆုံးနိုင်ခြေများတဲ့ကာလလို့ ဖေ ာ်ပြပါတယ်။

ပြီးခဲ့တဲ့နှစ်အနည်းငယ်က လူငယ်ဂီတသမားတွေ ဖြစ်တဲ့ မက်မီလာ ၂၆ နှစ်၊ ဒီဂျေအေဗီချ ၂၈ နှစ်၊ One Direction က လီယန်ပိန်း ၃၁ နှစ်တို့ကလည်း လူကြိုက်များတဲ့ ဂီတသမားတွေဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013