Home
နိုင်ငံတကာ
လော့စ်အိန်ဂျလိစ် မီးဘေးရန်ပုံငွေပွဲတွင် နာမည်ကျော် ဂီတသမားများ ဖျော်ဖြေမည်
DVB
·
February 1, 2025
Photo-Reuters

လော့စ်အိန်ဂျလိစ် မီးဘေးရန်ပုံငွေပွဲမှာ ဂီတပညာရှင် မိုရစ်ဆက်တီ၊ ရော့ခ်အဆိုတော် ရော့စတီးဝပ်တို့ အပါအဝင် Green Day, Billie Eilish, Lady Gaga, Joni Mitchell, Jelly Roll တို့ ဇန်နဝါရီ ၃၀ ရက် ဖျော်ဖြေပွဲမှာ ပါဝင်ခဲ့ပါတယ်။

ဂရင်းဒေး လိဒ်ဂစ်တာသမား ဘီလီဂျိုးက “ကျနော်တို့ ဖျော်ဖြေဖူးတဲ့ ပွဲတွေထဲမှာ ဒီပွဲဟာ အရေးကြီးဆုံးပွဲတပွဲ ဖြစ်မှာပါ” လို့ ရှိုးပွဲမတိုင်မီ အင်တာဗျူးမှာ ပြောပါတယ်။

ဂရင်းဒေးအဖွဲ့ဟာ ဟောလိဝုဒ်နဲ့ လော့စ်အိန်ဂျလိစ်မှာ အယ်လ်ဘန်တွေ အမြောက်အမြား အသံသွင်းဖူးလို့ ဒီနေရာက သူတို့အတွက် ဒုတိယအိမ် ဖြစ်နေပါပြီလို့ ဘီလီဂျိုးက ဆိုပါတယ်။

ဒီရန်ပုံငွေပွဲမှာ Gracie Abrams, Katy Perry, Red Hot Chili Peppers, Sting နဲ့ Stevie Nicks အပါအဝင် အခြားအနုပညာရှင်တွေလည်း ပါဝင်ဖျော်ဖြေမှာ ဖြစ်ပါတယ်။

Dave Matthews နဲ့ John Mayer တို့လည်း ဒီပွဲမှာ ပထမဆုံးအကြိမ် အတူတူဖျော်ဖြေမှာ ဖြစ်ပါတယ်။

ဒီပွဲတွေကို လော့စ်အိန်ဂျလိစ်မြို့ အပြင်ဘက်ရှိ အင်တက်ဒိုမီနဲ့ ကီယာဖိုရမ်တို့မှာ ကြာသပတေးနေ့က ကျင်းပဖို့ အစီအစဉ်ဆွဲခဲ့ပါတယ်။

အေအမ်စီပြဇာတ်ရုံများနဲ့ နက်ဖလစ်၊ မက်၊ အဲပဲတီဗွီ၊ ပရိုင်းဗီဒီယို၊ စပိုတီဖိုင်း၊ ယူကျုနဲ့ အခြားနေရာတွေမှာလည်း တိုက်ရိုက်လိုက်ဖ်လွှင့်မှာ ဖြစ်ပါတယ်။ အသံအနေနဲ့တော့ အိုင်ဟတ်ရေဒီယိုကနေ ထုတ်လွှင့်မှာဖြစ်ပါတယ်။

လော့စ်အိန်ဂျလိစ်ဟာ အမေရိကန်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ဂီတပညာရှင်တွေ အမြောက်အမြားနေထိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။

တောမီးလောင်ကျွမ်းမှုကြောင့် အိမ်နဲ့ အဆောက်အအုံပေါင်း ၁၆,၀၀၀ ကျော် ပျက်စီးခဲ့ပြီး လူ ၂၈ ယောက် သေဆုံးခဲ့ပါတယ်။ 

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013