
ပါကစ္စတန်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အာဖဂန်နစ္စတန် အရှေ့ပိုင်းပြည်နယ် ၃ ခုထဲက တခုဖြစ်တဲ့ ကူနာမြို့မှာ အာဖဂန်ဒေသခံတွေဟာ ပါကစ္စတန်တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်တာ ခံခဲ့ရတယ်လို့ တာလီဘန်အစိုးရက နိုဝင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။
အာဖဂန်နစ္စတန်အခြေစိုက် စစ်သွေးကြွတွေရဲ့ လက်ချက်လို့ ပါကစ္စတန်အစိုးရက စွပ်စွဲတဲ့ တိုက်ခိုက်မှုတွေ အများကြီး ပါကစ္စတန်နိုင်ငံထဲမှာ ဖြစ်ပြီးတဲ့နောက်မှာ အာဖဂန်အစိုးရက ညတွင်းချင်း သတင်းပို့ခဲ့တဲ့ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။
မှတ်ချက်ပေးဖို့ တောင်းဆိုချက်တွေကို ပါကစ္စတန်က ချက်ချင်း မတုံ့ပြန်ခဲ့ပါဘူး။ ဒီအိမ်ဟာ လုံးဝ ပျက်စီးသွားပါပြီလို့ ဒေသခံ မိုဟာမက်ဂူလမ်က ပြောပါတယ်။
ဒီဒေသဟာ စစ်တပ် မရှိတဲ့ အရပ်သားရပ်ကွက်တခုလို့လည်း သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
အာဖဂန်နစ္စတန်ရဲ့ တာလီဘန်အစိုးရက ခို့စ်ပြည်နယ်မှာ တိုက်ခိုက်မှုတွေအတွင်း ကလေး ၉ ယောက်နဲ့ အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
တာလီဘန်တွေက တုံ့ပြန်မယ်လို့ ကတိပြုခဲ့ပြီး တောင်အာရှအိမ်နီးချင်းနိုင်ငံတွေကြား တင်းမာမှု တွေကို ပိုဆိုးရွားစေခဲ့ပါတယ်။
အောက်တိုဘာလမှာ နယ်စပ်ပဋိပက္ခတွေ ဖြစ်ပြီးတဲ့နောက် အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တရပ် ရခဲ့ပေမဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ နှစ်ဖက်စလုံးက သဘောတူညီချက် မရရှိခဲ့ပါဘူး။
Source: Reuters


