
အီတလီအသင်းမှာ ရွေးချယ်ခြင်းမခံရတော့တာက ခီယေဇာရဲ့ တာဝန်သာဖြစ်ကြောင်း အီတလီ နည်းပြဂတ်တူဆိုက ပြောသွားပါတယ်။
လီဗာပူး တောင်ပံကစားသမား ခီယေဇာဟာ ၂၀၂၀ ယူရိုချန်ပီယံ ဖြစ်ခဲ့ရာမှာ အဓိက ကစားသမားအဖြစ် စွမ်းဆောင်နိုင်ခဲ့ပေမဲ့ ၂၀၂၄ ယူရိုပြိုင်ပွဲအပြီးမှာ ရွေးချယ်ခြင်း မခံရတော့သူ ဖြစ်ပါတယ်။
အီတလီအသင်းဟာ ကမ္ဘာ့ဖလားဝင်ခွင့်အတွက် ပလေးအော့ဖ် ဆီမီးဖိုင်နယ်မှာ မြောက်အိုင်ယာလန်အသင်းနဲ့ တွေ့ဆုံနေပြီး ပလေးအော့ဖ်အဆင့်မှာ ခီယေဇာ ရွေးချယ်ခြင်း မခံရပါက ကစားသမားရဲ့တာဝန်သာဖြစ်ကြောင်း ဂတ်တူဆိုက ပြောပါတယ်။
ခီယေဇာကို နိုင်ငံတကာပွဲစဉ်တွေ မကစားခင် အမြဲတမ်း ခေါ်ယူခဲ့ပေမဲ့ ကာယကံရှင် ကစားသမားရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပြဿနာတွေကို လေးစားဖို့လိုကြောင်း နည်းပြဂတ်တူဆိုက ပြောပါတယ်။
ဒီတကြိမ်မှာလည်း အသင်းလူစာရင်းမှာ ခီယေဇာ ပါမလာခဲ့ရင် ကစားသမားရဲ့ ဆုံးဖြတ်ချက်နဲ့ ပြဿနာသာဖြစ်ကြောင်း နည်းပြဂတ်တူဆိုက ပြောသွားပါတယ်။
Photo:Reuters


