
၂၀၂၆ ကမ္ဘာ့ဖလာဘောလုံးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ နိုင်ငံလက်ရွေးစင်အသင်း စုစုပေါင်း နိုဝင်ဘာ ၁ ၅ ရက်အထိ ၃၀ အထိရှိလာပြီဖြစ်ပါတယ်။
ဥရောပဇုန်က ခရိုအေးရှားအသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့ ၃၀ မြောက် အသင်းဖြစ်လာခဲ့ပြီး လက်ကျန် ၁၈ နေရာအတွက် တိုက်ကြီးများအလိုက် ဆက်လက် ယှဉ်ပြိုင်ကစားရဦးမှာပါ။
လက်ရှိချန်ပီယံ အာဂျင်တီးနားနဲ့ ဒုတိယရ ပြင်သစ်အသင်းတို့ ခြေစစ်ပွဲ အောင်မြင်ထားပြီးဖြစ်သလို အာဖရိကဇုန်က ကိတ်ဗာဒီ၊ အာရှဇုန်က ဂျော်ဒန်နဲ့ ဥဇဘတ်ကစ္စတန်အသင်းတွေက ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ကစားခွင့်ရရှိထားတာပါ။
ကမ္ဘာ့ဖလားပူးတွဲ အိမ်ရှင်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတွေအပါအဝင် အာရှဇုန်က ခြေစစ်ပွဲ အောင်အသင်း ၈ သင်း၊ အာဖရိကဇုန်က အသင်း ၉ သင်း၊ သမုဒ္ဒရာပိုင်းဇုန်က နယူးဇီလန်အသင်းတို့က ခြေစစ်ပွဲအောင်မြင်ထားပြီး ဖြစ်ပါတယ်။
အလားတူ တောင်အမေရိကဇုန်က ၆ သင်း၊ ဥရောပဇုန်က အင်္ဂလန်၊ ပြင်သစ်နဲ့ ခရိုအေးရှားတို့ ၃ သင်းတို့ဟာလည်း ခြေစစ်ပွဲ အောင်မြင်ထားလို့ စုစုပေါင်း အသင်း ၃၀ အထိထွက်ပေါ်လာခဲ့တာပါ။
နော်ဝေအသင်းဟာလည်း ခြေစစ်ပွဲအောင်ဖို့ သေချာသလောက်ရှိနေပေမဲ့ နောက်ဆုံးပွဲစဉ် ကစားရဖို့ ရှိသေးတာကြောင့် သင်္ချာနည်းအရ ခြေစစ်ပွဲအောင်တဲ့ အသင်းစာရင်းမှာ ထည့်မတွက်ထားတာ ဖြစ်ပါတယ်။


