Home
နိုင်ငံတကာ
အိုလံပစ်နှင့် ပါရာလမ်ပစ်ပြိုင်ပွဲ လက်ခံကျင်းပခွင့်ရရန် တောင်အာဖရိက ကြိုးပမ်းမည်
DVB
·
November 15, 2025
Photo :Reuters

တောင်အာဖရိကနိုင်ငံဟာ ၂၀၃၆ နဲ့ ၂၀၄၀ အိုလံပစ်နဲ့ ပါရာလမ်ပစ်ပြိုင်ပွဲတို့ကို လက်ခံကျင်းပခွင့်ရဖို့ ကြိုးပမ်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

တောင်အာဖရိကနိုင်ငံဟာ အိုလံပစ်ပြိုင်ပွဲကို အာဖရိကတိုက်မှာ ပထမဆုံး ကျင်းပခွင့်ရမဲ့နိုင်ငံ ဖြစ်လာဖို့ ပစ်မှတ်ထားနေတာပါ။

ကိတ်တောင်းမြို့ဟာ ၂၀၀၄ အိုလံပစ်ပြိုင်ပွဲကို လက်ခံကျင်းပခွင့်ရဖို့ ကြိုးစားခဲ့ဖူးပြီး အဲဒီတုန်းက ဂရိနိုင်ငံ အေသင်မြို့က လက်ခံကျင်းပခွင့်ရခဲ့ကာ ရောမမြို့က ဒုတိယရခဲ့ပြီး ကိတ်တောင်းမြို့က တတိယသာ မဲပေးခံခဲ့ရတာ တွေ့ရပါတယ်။

၂၀၃၆ အိုလံပစ်ပြိုင်ပွဲကို လက်ခံကျင်းပခွင့်ရဖို့ အိန္ဒိယရဲ့ အာမတ်ဒါဘတ်၊ ကာတာရဲ့ ဒိုဟာ၊ တူရကီရဲ့ အစ္စတန်ဘူလ်၊ ချီလီရဲ့ ဆန်တီရာဂိုမြို့တွေက ကြိုးစားမယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် တောင်အာဖရိကနိုင်ငံဟာ ရွေးချယ်ခံရဖို့  နိုင်ငံအများကြီးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

တောင်အာဖရိက အားကစားဝန်ကြီးက နိုင်ငံတကာ အိုလံပစ်ကော်မတီနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ထားကြောင်း မီဒီယာတွေကို ပြောဆိုထားပါတယ်။

တောင်အာဖရိကနိုင်ငံဟာ ၁၉၉၅ ရပ်ဂ်ဘီ ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပခဲ့သလို ၂၀၀၃ ခုနှစ်က ခရစ်ကက် ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းခဲ့ဖူးပါတယ်။

ဒါ့အပြင် ၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကိုလည်း လက်ခံကျင်းပခဲ့ဖူးတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ ၃ ခု လက်ခံကျင်းပဖူးတဲ့ ဒုတိယမြောက်နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

ဒီလို ကမ္ဘာ့ဖလားပြိုင်ပွဲ ၃ ပွဲ လက်ခံကျင်းပခဲ့ဖူးတဲ့ ပထမဆုံးနိုင်ငံကတော့ အင်္ဂလန်နိုင်ငံပဲ ဖြစ်ပါတယ်။

တောင်အာဖရိကနိုင်ငံဟာ ခရစ်ကက်ပြိုင်ပွဲကို ၂၀၂၇ ခုနှစ်မှာ ဇင်ဘာဘွေ၊ နမီးဘီယားတို့နဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၇ ခုနှစ်ကစပြီး ဖော်မြူလာဝမ်း ဂရင်းပရီပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့လည်း စီစဉ်ထားပါတယ်။

တောင်အာဖရိကနိုင်ငံဟာ အာဖရိကတိုက်ရဲ့ ပထမဆုံး ဖော်မြူလာဝမ်းပြိုင်ပွဲကို လက်ခံကျင်းပခွင့်ရတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာမှာဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013