Home
မြန်မာသတင်း
မြန်မာရွေးကောက်ပွဲရလဒ်က လူထုဆန္ဒ ထင်ဟပ်စေရမည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးပြော 
DVB
·
November 5, 2025
Photo Credit: Vivian Balakrishnan Facebook

အာဏာသိမ်းစစ်တပ်က ဖိအားပေးကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲရလဒ်က အများယုံကြည်မှုနဲ့ မြန်မာလူထုဆန္ဒကို ထင်ဟပ်စေဖို့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ အားလုံးပါဝင်ရေးအပေါ်  အခြေခံရမယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်က လွှတ်တော်အတွင်းမှာ စင်ကာပူနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ၊ အထူးသဖြင့် ၂၀၂၅ ခုနှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ ခုနှစ်အစောပိုင်းကာလ ရွေးကောက်ပွဲအတွက် ကြေညာထားတဲ့ အစီအစဉ်တွေအပေါ် ဘယ်လိုအကဲဖြတ်ထားသလဲဆိုတဲ့ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားချိန်မှာ ခုလိုပြောလိုက်တာပါ။

မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းပြီး အချိန် ၅ နှစ်နီးပါးကြာတဲ့တိုင်အောင် အခြေအနေတွေဟာ ဆိုးရွားနေဆဲဖြစ်ကာ ကျယ်ပြန့်တဲ့ ပဋိပက္ခနဲ့ မတည်ငြိမ်မှုတွေ ဆက် လက်ရင်ဆိုင်နေရသလို စစ်အုပ်စုနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (PDFs) တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားတွေ ထိခိုက်ဒဏ်ရာရရှိမှုတွေနဲ့အတူ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာရမှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ စိန်ခေါ်မှုတွေဟာ သမိုင်းဝင်ပြီး နက်ရှိုင်းစွာ အမြစ်တွယ်နေသလို ဒီလွှတ်တော်ထဲမှာ အရင်က ပြောခဲ့ဖူးတဲ့အတိုင်း ခိုင်မာပြီး စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို မြန်မာနိုင်ငံရဲ့ အဓိကပါဝင်သူအားလုံး ပါဝင်တဲ့ ဆွေးနွေးမှုတွေကတဆင့်သာ ရရှိနိုင်မှာ ဖြစ်တယ်လို့လည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် ချက်ချင်းဦးစားပေးအနေနဲ့ အကြမ်းဖက်မှုတွေ လျော့ကျလာစေဖို့၊ လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဝင်ရောက်ခွင့်တွေ ချောမွေ့လွယ်ကူလာစေဖို့ တွေ့ဆုံဆွေးနွေးမှုတွေအတွက် အထောက်အကူဖြစ်စေမယ့် အခြေအနေတွေကို ဖန်တီးကြရမယ်လို့လည်း အကြံပြုထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး စင်ကာပူနိုင်ငံအနေနဲ့လည်း မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အ ထည်ဖော်တာတွေ အပါအဝင် အာဆီယံနဲ့ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကြိုးပမ်း အားထုတ်မှုတွေကို ဆက်လက်ထောက်ခံသွားမယ်လို့လည်း ထည့်သွင်းပြောကြားထားပါတယ်။

Source:  Ministry of Foreign Affairs Singapore

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013