Home
အားကစား
ကမ္ဘာ့အသက်ကြီးဆုံး အိုလံပစ်ရွှေတံဆိပ်ဆုရှင် ကွယ်လွန်
DVB
·
November 3, 2025
Photo: Reuters

ကမ္ဘာ့အသက်ကြီးဆုံး အိုလံပစ်ရွှေတံဆိပ်ဆုရှင် စက်ဘီးအားကစားသမား ချားလ်ကော့တီဟာ အသက် ၁၀၁ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။

ပြင်သစ် စက်ဘီးသမားဟောင်း ချားလ်ကော့တီဟာ အသက်ရှင်လျက်ရှိတဲ့ အိုလံပစ် ရွှေတံဆိပ်ဆုရှင်တွေထဲမှာ အသက်အကြီးဆုံးအဖြစ် စံချိန်တင်ထားတဲ့သူ ဖြစ်ပါတယ်။

၁၉၄၈ လန်ဒန်အိုလံပစ်ပြိုင်ပွဲမှာ ကော့တီဟာ အိုလံပစ်ရွှေတံဆိပ်ဆုကို အသင်းဖော် ၃ ယောက်နဲ့အတူ ဆွတ်ခူးနိုင်ခဲ့သူဖြစ်ကာ ကြာသပတေးနေ့က ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

အသက်ရှင်နေတဲ့ အိုလံပစ်ရွှေတံဆိပ်ဆုရှင်တွေထဲမှာ အသက်အကြီးဆုံးအဖြစ် ဟန်ဂေရီ ကျွမ်းဘားကစားသမား ကီလီတီဟာ အသက် ၁၀၃ နှစ်အရွယ် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂ ရက်မှာ ကွယ်လွန်ခဲ့တာကြောင့် ကော့တီဟာ အသက်အကြီးဆုံး ရွှေတံဆိပ်ဆုရှင် ဖြစ်လာခဲ့တာပါ။

ကော့တီဟာ ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ မီးရှူးတိုင် ကိုင်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

ကော့တီဟာ ကစားသမားဘဝ ၁၉၄၉ ဂရင်းပရီ အပါအဝင် ၁၄၀ ကီလိုမီတာ ပြိုင်ပွဲမှာ အီတလီနိုင်ငံသားကို အနိုင်ရပြီး စံချိန်တင်ခဲ့ဖူးသလို တိုးဒီဖရန့်နဲ့ ဂီရိုဒီအီတာလီယာ ချန်ပီယံပြိုင်ပွဲတွေမှာပါ အောင်မြင်မှုတွေရခဲ့သူ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013