
ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေ ဘယ်လိုဆော့ဗ်ဟာ ဆီးရီးယားကာကွယ်ရေးဝန်ကြီး မာဟက်ဖ် အဘူကက်စ်ရာနဲ့ ရုရှားမြို့တော် မော်စကိုမှာ ဆွေးနွေးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၈ ရက်မှာ ပြောပါတယ်။
ဆွေးနွေးပွဲတွေအတွင်း နှစ်ဖက်စလုံးက “နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုရဲ့ အလားအလာရှိတဲ့ နယ်ပယ်တွေကို လက်တွေ့အကောင်အထည်ဖော်ခြင်း” ခေါင်းစဉ်ကို ဆွေးနွေးခဲ့ကြတယ်လို့ ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
အောက်တိုဘာလလယ်မှာ ဆီးရီးယားသမ္မတ အာမဒ်အယ်လ်ရှရားဟာ မော်စကိုကို သွားရောက် လည်ပတ်ခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီနောက် နှစ်နိုင်ငံအကြား အရင်က လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်အားလုံးကို လိုက်နာဖို့ ကတိပြုခဲ့ပါတယ်။
ဒီကတိကဝတ်ဟာ ဆီးရီးယားနိုင်ငံထဲက ရုရှားရဲ့ အဓိကစစ်စခန်းနှစ်ခု လုံခြုံနေသေးတယ်ဆိုတဲ့ အချက်ပြမှုတရပ်အဖြစ် ရှုမြင်ကြပါတယ်။
Source: Reuters




