
ကိယက်ဗ်အစိုးရရဲ့ ညှိနှိုင်းမှုလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ဖို့ တွန့်ဆုတ်မှုနဲ့ ရုရှား မေးမြန်းထားတဲ့ မေးခွန်းတွေကို ပြန်ဖြေဖို့ ဆန္ဒမရှိတာကြောင့် ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆိုင်းငံ့ထားရတယ်လို့ ကရင်မ်လင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကို့ဗ်က အောက်တိုဘာ ၂၈ ရက်မှာ ပြောပါတယ်။
ရုရှားဘက်က တင်ပြခဲ့တဲ့ စာရွက်စာတမ်း မူကြမ်းတွေနဲ့ အဖွဲ့အမျိုးမျိုးအတွင်း နောက်ထပ် လုပ်ဆောင်မယ့် ပုံစံတွေအတွက် အဆိုပြုချက်တွေကို ယူကရိန်းဘက်က မတုံ့ပြန်ချင်တာကြောင့် ဖြစ်ပြီး ဒါတွေအားလုံးအတွက် အဖြေမရသေးဘူး လို့ ဆိုပါတယ်။
ရုရှားနိုင်ငံခြားထောက်လှမ်းရေးဌာန (ယူကရိန်းမှာရှိတဲ့ ပြင်သစ်တပ်တွေအကြောင်း) က ရရှိတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာပါပဲလို့လည်း ကရင်မ်လင် ပြောရေးဆိုခွင့်ရှိသူ ပက်စကို့ဗ်က ပြောပါတယ်။
ရှေ့တန်းသုံး စစ်တပ်ရေဒီယိုတွေကနေ နိုင်ငံခြားဘာသာစကားတွေ ပြောနေကြတာကို အဆက်မပြတ် ကြားနေရပြီး ယူကရိန်းအတွက် တိုက်ပွဲဝင်ပေးနေတဲ့ နိုင်ငံခြားသား တိုက်ခိုက်ရေးသမားတွေကို ချေမှုန်းပစ်မယ်လို့လည်း ရုရှားကဆိုပါတယ်။
ယူကရိန်းမှာ နေတိုးစစ်ဘက်ဝန်ထမ်းတွေ ရှိနေပြီးတော့ ရုရှားရဲ့ ကြားဖောက် ခိုးနားထောင်တဲ့ ဝန်ဆောင်မှုတွေကနေ ရှေ့တန်းမှာ အင်္ဂလိပ်နဲ့ ပြင်သစ်ဘာသာစကားတွေကို ထပ်ခါတလဲလဲ ပြောဆိုနေတာတွေကို ဖမ်းယူနိုင်ခဲ့တယ်လို့ ပြောဆိုပါတယ်။
အမေရိကန် ဦးဆောင်တဲ့ နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ကတော့ ယူကရိန်းကို ထောက်ခံပေမဲ့ အဲဒီမှာ စစ်သားတွေ မချထားဘူးလို့ ပြောပါတယ်။
အမေရိကန် မီဒီယာတွေရဲ့ သတင်းတွေအရ အမေရိကန်နဲ့ ဥရောပ ထောက်လှမ်းရေး အေဂျင်စီတွေဟာ ယူကရိန်းမှာ သိသိသာသာ တည်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
Source: Reuters




