Home
နိုင်ငံရေး
ပါကစ္စတန်တွင် ကက်ရှ်မီးယား Black day အထိမ်းအမှတ် စုဝေး
DVB
·
October 28, 2025
Photo: Reuters

ပါကစ္စတန်နိုင်ငံရဲ့ မြို့တော် အစ္စလာမ်မာဘတ်မှာ ရာပေါင်းများစွာသော လူတွေဟာ ကက်ရှ်မီးယား Black day လို့ခေါ်တဲ့ အထိမ်းအမှတ်ပွဲအဖြစ် အောက်တိုဘာ ၂၇ ရက်မှာ စုဝေးခဲ့ကြပါတယ်။

အိန္ဒိယအစိုးရက အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသ အပိုင်းက ပြည်သူတွေနဲ့ စည်းလုံးညီညွတ်မှုကို ဖော်ပြပြီး ဒေသတွင်းဆိုင်ရာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

ဂျမူးနဲ့ ကက်ရှ်မီးယားကို အုပ်ချုပ်သူ မဟာရာဂျာ ဟာရီဆင်းက အိန္ဒိယနဲ့ ပူးပေါင်းဖို့ လက်မှတ်ရေးထိုးခဲ့တဲ့ ၁၉၄၇ ခုနှစ် အောက်တိုဘာ ၂၇ ရက် နှစ်ပတ်လည်နေ့မှာ ဆန္ဒပြသူတွေက အစ္စလာမာဘတ်မြို့မှာ စုဝေးခဲ့ကြတာပါ။

ဒီနေ့ကို ပါကစ္စတန်နဲ့ ပါကစ္စတန်အစိုးရက အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဘက်ခြမ်းမှာ ‘အနက်ရောင်နေ့’ အဖြစ် သတ်မှတ်ကြပြီး အိန္ဒိယမှာတော့ ပေါင်းစည်းတဲ့နေ့အဖြစ် သတ်မှတ်ကြပါတယ်။

ဒေသတွင်း ငြိမ်းချမ်းရေးဟာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်တဲ့အပေါ် မူတည်တယ်လို့ ပါကစ္စတန်ရဲ့ ကက်ရှ်မီးယားရေးရာ ဖက်ဒရယ်ဝန်ကြီး အာမီယာ မူကမ်က လူအုပ်ကို မိန့်ခွန်းပြောရာမှာ ပြောခဲ့ပါတယ်။

၁၉၄၇ ခုနှစ်မှာ ဗြိတိန်ဆီက လွတ်လပ်ရေးရခဲ့ပြီးနောက်ပိုင်း ပါကစ္စတန်နဲ့ အိမ်နီးချင်းပြိုင်ဘက် အိန္ဒိယအကြားမှာ ဟိမဝန္တာ တောင်တန်းပေါ်က ကက်ရှ်မီးယားဒေသဟာ အငြင်းပွားနယ်မြေအဖြစ် ပိုင်းခြားထားပါတယ်။

ဟိန္ဒူဘာသာဝင် အများစုနေထိုင်တဲ့ အိန္ဒိယနဲ့ အစ္စလာမ်ဘာသာဝင် အများစုနေတဲ့ ပါကစ္စတန် တို့ဟာ ၁၉၄၇ ခုနှစ်မှာ လွတ်လပ်ရေးရပြီးကတည်းက စစ်ပွဲသုံးကြိမ် တိုက်ခဲ့ကြရာမှာ မွတ်စလင်အများစု နေထိုင်တဲ့ ကက်ရှ်မီးယားဒေသအတွက် စစ်ပွဲနှစ်ကြိမ် တိုက်ခိုက်ခဲ့ကြပါတယ်။

နှစ်ဖက်စလုံးက ကက်ရှ်မီးယားဒေသကို အပြည့်အဝပိုင်ဆိုင်ပြီး တစိတ်တပိုင်း ထိန်းချုပ်ခွင့် ရှိတယ်လို့ အခိုင်အမာ ပြောနေခဲ့ကြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013