
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ကော်ပေါင်ရွာကို အောက်တိုဘာ ၂၄ ရက် ညနေ ၄ နာရီလောက်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဘုန်းကြီးတပါး ပျံလွန်ပြီး ဒဏ်ရာရသူရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဘုန်းကြီးတွေနဲ့ ကိုရင်တွေ အများအပြားသီတင်းသုံးနေထိုင်နေတဲ့ ကော်ပေါင်ရွာက ဘုန်းတော်ကြီး ကျောင်းကို စစ်တပ်က ပေါင် ၅၀၀ ဗုံးနဲ့ ကြဲခံရတာလို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
"ဘုန်းကြီးကတော့ ပွဲချင်းပြီး ပျံလွန်တော်မူတယ်။ ကိုရင် ၅ ပါးနဲ့ ကလေး ၂ ယောက်ဒဏ်ရာရ တယ်ပြောတယ်။"
ကော်ပေါင်ကျေးရွာမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ အောက်တိုဘာ ၂၄ ရက် ညနေ ၃ နာရီ ၅၇ မိနစ်ခန့်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုန်းကြီးတပါးပျံလွန်ကြောင်း ကနဦး သိရတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပါတယ်။
အောက်တိုဘာ ၂၃ ရက် ည ၉ နာရီလောက်ကလည်း TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့ပေါ်ရှိ သတလ ရပ်ကွက်ဘက်ခြမ်းရှိ အိမ်စိမ်းနဲ့ လိပ်ပြာတောင်ဝန်းကျင် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။




