
ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘရာဇီးကြယ်ပွင့် အန်းဒရစ်ခ်ကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ မှာ အငှားချဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
အသက် ၁၉ နှစ်ပဲရှိသေးတဲ့ အန်းဒရစ်ခ်ဟာ အခုနှစ် ရာသီမှာ တပွဲမှ ပါဝင်ကစားခွင့်မရသေးသူဖြစ်ပြီး နည်းပြအလွန်ဆိုက အရန်ခုံမှာပဲ ထိုင်ခိုင်းခဲ့တာပါ။
လာမယ့် ကမ္ဘာ့ဖလားမှာ ဘရာဇီးအသင်းနဲ့အတူ ပါဝင်ခွင့်ရဖို့ ပုံမှန်ပွဲထွက်ခွင့်လိုအပ်တဲ့ အန်းဒရစ်ခ်ဟာ အသင်းနဲ့ ဆွေးနွေးခဲ့ပြီးနောက် ဇန်နဝါရီမှာ အငှားထွက်ကစားဖို့ သဘောတူခဲ့ တာပါ။
ဘယ်အသင်းဆီအငှားထွက်ကစားမယ်ဆိုတာ မသိရသေးပေမဲ့ ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းက အငှားခေါ်ယူဖို့ မေးမြန်းစုံစမ်းခဲ့တယ်လို့ သတင်းထွက်နေပါတယ်။
ဒါ့အပြင် မန်ယူနိုက်တက်ဟာလည်း အန်းဒရစ်ခ်ကို အငှားခေါ်ယူနိုင်တဲ့အသင်းစာရင်းထဲမှာ ပါဝင်နေပါတယ်။
Photo: Reuters




