Home
မြန်မာသတင်း
CRPH ကို နိုင်ငံတကာပါလီမန်များအဖွဲ့က ဆက်လက်အသိအမှတ်ပြု
DVB
·
October 23, 2025
IPU-Conference1_23102025
IPU-Conference_23102025

အောက်တိုဘာ ၂၃ ရက် ဒီနေ့ ကျင်းပနေတဲ့ ၁၅၁ ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များအဖွဲ့ (IPU) ညီလာခံရဲ့ အမှုဆောင် ကောင်စီအစည်းအဝေးက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို အဓိက  ဆွေးနွေးဘက် မိတ်ဖက်အဖြစ် ဆက်ပြီး အသိအမှတ်ပြုကြောင်း ဆုံးဖြတ်လိုက်တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။ 

အဲဒီဆုံးဖြတ်ချက်ဟာ အကြမ်းဖက်စစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲကျင်းပဖို့ ကြေညာထားတဲ့အချိန်မှာ ဆက်လက်အတည်ပြုခဲ့တာဖြစ်ပြီး CRPH အနေနဲ့ IPU  အစည်းအဝေးတွေကို မြန်မာကိုယ်စားပြုပြီး ဆက်လက်တက်ရောက်သွားမယ်လို့ CRPH ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာ့အရေးဖြေရှင်းမှုမှာ နိုင်ငံတကာအသိုက်အဝန်းရဲ့ အခန်းကဏ္ဍဟာ အရေးပါသလိုပဲ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို လက်တွေ့ကျပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းမှုနဲ့ ပံ့ပိုးကူညီပေးဖို့၊ စစ်မှန်တဲ့ လွတ်လပ်မှု၊ လုံခြုံမှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးစနစ်တည်ဆောက်နိုင်ရေးကို ပြည်သူလူထုက ပြတ်သားခိုင်မာစွာ တောင်းဆို၊ ကြိုးပမ်းနေတာကို ကမ္ဘာတဝန်းက သိမြင်ပြီး ထိရောက်တဲ့ အကူအညီတွေရအောင် ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း CRPH ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Photo–CRPH

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013