
ဆွီဒင်လက်ရွေးစင်အသင်းဟာ လစ်လပ်နေတဲ့ နည်းပြချုပ်ရာထူးအတွက် အင်္ဂလန်နည်းပြ ဂရေဟမ်ပေါ်တာကို တရားဝင် ခန့်အပ်လိုက်ပါတယ်။
ဆွီဒင်ကလပ် အော့တာဆန် FK အသင်းမှာ ၇ နှစ်ကြာ တာဝန်ယူခဲ့ဖူးတဲ့ နည်းပြ ပေါ်တာဟာ ၇ နှစ်အကြာမှာ ဆွီဒင်လက်ရွေးစင်နည်းပြ ဖြစ်လာခဲ့တာပါ။
ဆွီဒင်ဘောလုံးလောကနဲ့ အတွေ့အကြုံတွေအရ စုပေါင်းညီညွတ်မှုအင်အားက အရေးပါဆုံးအချက် ဖြစ်ပြီး ဆွီဒင်အသင်းကို ခံစစ်၊ တိုက်စစ် ဟန်ချက်ညီတဲ့အသင်းအဖြစ် ပုံဖော်သွားမှာဖြစ်ကြောင်း စာချုပ်ချုပ်ဆိုအပြီးမှာ နည်းပြပေါ်တာက ပြောပါတယ်။
နည်းပြပေါ်တာဟာ စာချုပ်ချုပ်ဆိုပွဲမှာ ဆွီဒင်စကားနဲ့ ပြောဆိုသွားတဲ့အပေါ်မှာလည်း ပရိသတ်တွေက အံ့အားသင့်ခဲ့ကြပါတယ်။
ကမ္ဘာ့အဆင့် ၄၀ မှာရှိတဲ့ ဆွီဒင်အသင်းဟာ ဥရောပဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲ ၄ ပွဲကစားအပြီးမှာ အုပ်စုအောက်ဆုံးနေရာ ရောက်နေပြီး လက်ကျန် ၂ ပွဲစလုံး အနိုင်ရလဒ်ရယူနိုင်မှသာ ပလေးအော့ဖ် အဆင့်ကနေ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ မျှော်လင့်ချက်အနည်းငယ်ရှိလာမှာ ဖြစ်ပါတယ်။




