
အဖွဲ့ဝင်နိုင်ငံတွေကို ဒရုန်းကျူးကျော်မှုကနေ ကာကွယ်ဖို့ ဒရုန်းတံတိုင်းတခု ထူထောင်ရေး ကြိုးပမ်းရာမှာ အတူတကွ ပူးပေါင်းဆောင်ရွက်နေတယ်လို့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) အကြီးအကဲ မာ့ခ် ရူတေက ပြောလိုက်ပါတယ်။
စစ်ရေးမဟာမိတ်နိုင်ငံတွေနဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေနဲ့ မတွေ့ဆုံမီ အောက်တိုဘာ ၁၅ ရက်မှာ ပြောလိုက်တာပါ။
ကြိုးပမ်းမှု နှစ်ဆတိုးလာသလားလို့ မေးမြန်းရာမှာ EU နဲ့ NATO တို့မှာ မတူညီတဲ့ အခန်းကဏ္ဍတွေ ပါရှိပြီး NATO ဟာ စစ်ဘက်မှာ စွမ်းရည်တွေ ပံ့ပိုးပေးရင်း EU ကတော့ ပြည်တွင်းဈေးကွက်ရဲ့ ပျော့ပျောင်းတဲ့ ဩဇာကို ကိုင်စွဲပြီး ငွေရှိနေတာ သေချာစေတယ်လို့ ရူတေက ပြောပါတယ်။
ဗြိတိန်နိုင်ငံဆီ ရူတေရောက်နေချိန်မှာ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလီက သူ့နိုင်ငံရဲ့ ဂျက်လေယာဉ်တွေဟာ ပိုလန်နိုင်ငံအပေါ် အခုနှစ်ကုန်အထိ ဆက်ပျံသန်းသွားမယ်လို့ ပြောရင်း အရှေ့ပိုင်း ကင်းစောင့်တပ်ရဲ့ ကတိကဝတ်ကို သက်တမ်းတိုးလိုက်ပါတယ်။
“ယူကရိန်းအတွက် ကျနော်တို့ရဲ့ ဒရုန်းထုတ်လုပ်မှုကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်” လို့လည်း ဘရပ်ဆဲလ်မှာ NATO ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး မတက်ရောက်မီ ဂျွန်ဟီလီက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
Source: Reuters


