
ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေးကိစ္စမှာ ကြားဝင်ဆောင်ရွက်ပေးလိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကမ်းလှမ်းချက်ကို ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းက တုံ့ပြန်လိုက်ပါတယ်။
ကမ္ဘောဒီးယားဘက်က အဓိက အချက် ၄ ချက်ကို လိုက်နာမယ်ဆိုရင် ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ထိုးဖို့ အသင့်ရှိတယ်လို့ ဝန်ကြီးချုပ် အနုထင်းက ပြောကြားလိုက်ပါတယ်။
အဲဒီအချက်တွေကတော့ အငြင်းပွားနယ်စပ်ဒေသတွေကနေ ကမ္ဘောဒီးယားတပ်တွေနဲ့ လက်နက်ကြီးတွေ အားလုံး ရုပ်သိမ်းပေးဖို့၊ ထိုင်းပိုင်နက်ထဲ ကျူးကျော်အခြေချနေထိုင်သူတွေကို ဖယ်ရှားပေးဖို့၊ ကမ္ဘောဒီးယားက ငွေလိမ်ကျားဖြန့်လုပ်ငန်းတွေကို ထိထိရောက်ရောက် နှိမ်နင်းဖို့နဲ့ နယ်စပ်တလျှောက် မိုင်းရှင်းလင်းရေးမှာ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။
ဒီကိစ္စတွေဟာ ထိုင်းနိုင်ငံနဲ့ ပြည်သူတွေအတွက် လုံခြုံရေးအရ အကြီးအကျယ် ခြိမ်းခြောက်နေတာကြောင့် အခုလို တောင်းဆိုရတာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
သမ္မတထရမ့်ပ်ကိုလည်း ဒီအချက် ၄ ချက်ကို ကမ္ဘောဒီးယားဘက်က လိုက်နာမှသာ ဆွေးနွေးမှုတွေ ရှေ့ဆက်နိုင်မယ် ဆိုတာကို အကြောင်းပြန်ကြားသွားမယ်လို့ ဝန်ကြီးချုပ် အနုထင်းက ပြောပါတယ်။
အောက်တိုဘာလကုန်ပိုင်း မလေးရှားမှာ အာဆီယံထိပ်သီးဆွေးနွေးပွဲ ကျင်းပတဲ့အချိန် ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးပွဲမှာ သမ္မတထရမ့်ပ်က သဘာပတိအဖြစ် ဆောင်ရွက်ပေးလိုကြောင်း ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။