
ဝေးလ်အသင်းဟာ အင်္ဂလန်နဲ့ပွဲအတွက် ဝင်ဘလေကွင်းဆီကို အလည်လာတာ မဟုတ်ကြောင်း နည်းပြ ဘယ်လာမီက သတိပေးစကားဆိုသွားပါတယ်။
အင်္ဂလန်အသင်းနဲ့ ဝေးလ်အသင်းတို့ဟာ ချစ်ကြည်ရေးခြေစမ်းပွဲအဖြစ် အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းမှာ ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာပါ။
ဝင်ဘလေကွင်းလို အံ့မခန်းနေရာဆီ ရောက်လာတာက မိမိတို့ရဲ့ ဘောလုံးအမှတ်တံဆိပ်အတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ထုတ်ပြဖို့ လာတာဖြစ်ပြီး ခရီးသွားဧည့်သည်တွေလို အလည်အပတ် လာရောက်တာမဟုတ်ကြောင်း ဘယ်လာမီက ပြောပါတယ်။
အင်္ဂလန်နည်းပြ တူဟယ်က ထိပ်တန်း နည်းပြတယောက်ဖြစ်ပြီး အင်္ဂလန်ပွဲစဉ်တွေကို ကြည့်ရှုခဲ့သလို ဒေါ့မွန်အသင်းကို တာဝန်ယူစဉ်ကတည်းက နည်းပြ တူဟယ်ရဲ့ ပွဲစဉ်တွေကို လေ့လာကြည့်ရှုခဲ့ဖူးကြောင်း ဝေးလ်နည်းပြဘယ်လာမီက ပြောသွားပါတယ်။
ဝေးလ်ဟာ ဝင်ဘလေမှာ အင်္ဂလန်အသင်းကို အနိုင်ရခဲ့တာက ၁၉၇၇ ခုနှစ်က နောက်ဆုံး အကြိမ်ဖြစ်ပြီး အဲဒီနောက်ပိုင်း အနိုင်မရခဲ့တာနှစ်ပေါင်း ၄၈ နှစ်ကြာမြင့်နေပြီ ဖြစ်ပါတယ်။