
နည်းပြစတီဗင်ဂျရတ်ဟာ စကော့တလန်ကလပ် ရိန်းဂျားအသင်းကို တကျော့ပြန် တာဝန်ယူဖို့ ဆွေးနွေးနေပါတယ်။
စကော့တလန်ကလပ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က နည်းပြ ရက်ဆဲလ်မာတင်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးနောက် အသင်းနည်းပြဟောင်း ဂျရတ်ကို ပြန်လည်ခေါ်ယူဖို့ ဆွေးနွေးနေတာပါ။
လီဗာပူးဂန္ထဝင်ကစားသမားဟာ ရိန်းဂျားအသင်းကို ၂၀၁၈ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ တာဝန်ယူခဲ့ပြီး ၁၀ နှစ်ကြာဝေးကွာနေတဲ့ အမှတ်ပေးချန်ပီယံဆုဖလားကို ပြန်လည်ရရှိအောင်စွမ်းဆောင်ပေးခဲ့သူပါ။
အဲဒီနောက် အက်စ်တန်ဗီလာဆီ ပြောင်းရွှေ့ခဲ့ပြီး အဆင် ၁၄ နေရာနဲ့ ရာသီသိမ်းခဲ့ကာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရသူ ဖြစ်ပါတယ်။
ဂျရတ်ဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လမှာတော့ ဆော်ဒီကလပ် အယ်လ်အစ်တီဖက်အသင်းကို တာဝန်ယူခဲ့ပြီး အခုနှစ်ဇန်နဝါရီလက အသင်းနဲ့ လမ်းခွဲခဲ့သူပါ။
ရိန်းဂျားဟာ ဂျရတ် ထွက်ခွာသွားတဲ့ ၂၀၂၁ နောက်ပိုင်းချန်ပီယံဆုနဲ့ ဝေးကွာနေဆဲ ဖြစ်ပြီး ချန်ပီယံဆုရယူပေးခဲ့တဲ့ ဂျရတ်ကို ပြန်လည်ခေါ်ယူဖို့ ဆွေးနွေးနေတာဖြစ်ပါတယ်။