ဆော်ဒီပရိုလိဂ် အဖွင့်ပွဲစဉ်မှာ စတီဗင်ဂျရတ် ကိုင်တွယ်နေတဲ့ အယ်လ်အက်တီဖက် အသင်းက ရော်နယ်ဒို မပါဝင်တဲ့ အယ်လ်နာဆာအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အဖွင့်လှခဲ့ပါတယ်။
တနင်္လာနေ့က ကစားခဲ့တဲ့ ဒီပွဲမှာ လီဗာပူးအသင်းသားဟောင်း ၂ ယောက်ဖြစ်တဲ့ ဆာဒီယို မာနေးနဲ့ ဂျော်ဒန် ဟန်ဒါဆန်တို့ဟာ နှစ်ဖက်အသင်းရဲ့ အသင်းခေါင်းဆောင် လက်ပတ်တွေကို တပ်ဆင်ကစားခဲ့ကြတာဖြစ်ပြီး ပထမဆုံးဂိုးကို အယ်လ်နာဆာအတွက် မာနေးက ပွဲချိန် ၄ မိနစ်မှာ သွင်းယူပေးခဲ့တာပါ။
ဒါပေမဲ့ နည်းပြ စတီဗင်ဂျရတ်ရဲ့အသင်း အယ်လ်အက်တီဖက်အသင်းဟာ ဒုတိယပိုင်းအစမှာပဲ ချေပဂိုးအဖြစ် ဂိုးသမားဆီကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ရော်ဘင် ကွာအီဆန်က ပိတ်ကန်သွင်းယူခဲ့ပါတယ်။
အယ်လ်အက်တီဖက်အသင်းအတွက် ဒုတိယဂိုးကိုတော့ နောက်ထပ် ၆ မိနစ်အကြာမှာပဲ ဂိုးဧရိယာထဲပေးပို့တဲ့ ဘောလုံးကို မောက်ဆာ ဒမ်ဘီလီက သွင်းယူခဲ့တာ ဖြစ်ပါတယ်။
Source - Reuters