Home
နိုင်ငံတကာ
အမေရိကန်ရွှေဈေး ၁ အောင်စကို ဒေါ်လာ ၄, ၀၀၀ ကျော်ထိ ဈေးဆက်တက်
DVB
·
October 8, 2025
Photo: REUTERS/Chalinee Thirasupa

အမေရိကန်ရွှေဈေး ၁ အောင်စကို အမေရိကန် ဒေါ်လာ ၄,၀၀၀ ကို ကျော်လွန်ပြီး ဈေးဆက်တက်နေပါတယ်။ 

အမေရိကန်ဗဟိုဘဏ်ရဲ့ ဒီလဈေးနှုန်းသတ်မှတ်မှုနဲ့ အမေရိကန်အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့တဲ့အတွက် ရွှေးဈေးနှုန်းတွေ မြင့်တက်ခဲ့တာပါ။

၁ အောင်စကို  ဒေါ်လာ ၄၀၁၄ ဒသမ ၆ အထိ မြင့်တက်ခဲ့ပြီးနောက် ဒီဇင်ဘာလတုန်းက အမေရိကန်ရွှေဈေး ဒေါ်လာ ၄၀၀၄ ဒသမ ၄ ရှိပြီး ၀ ဒသမ ၇  ရာခိုင်နှုန်းနဲ့ ဈေးနှုန်း တည်ငြိမ်ခဲ့ပါတယ်။

ချက်ချင်းရောင်းချတဲ့ လက်ငင်းရွှေဈေးကတော့ နေ့လယ် ၁နာရီ ၄၈ မိနစ်မှာ ၁ အောင်စကို ဒေါ်လာ ၃၉၈၅ ဒသမ ၈၂ နဲ့ ၀ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။

ဒါဟာ ဒီနှစ်အတွက် အမြင့်ဆုံးဈေးဖြစ်တဲ့ ဒေါ်လာ ၃၉၉၀ ဒသမ ၈၅ အထိ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက်ပိုင်း ဈေးနှုန်းဖြစ်ပါတယ်။

ချက်ချင်းရောင်းချနိုင်တဲ့ လက်ငင်းရွှေဈေး Spot Gold ရဲ့ မူလဈေးကွက်တန်ဖိုးက လန်ဒန်လက်လီရောင်းချတဲ့ ဈေးကွက်ရဲ့ ဈေးနှုန်းဖြစ်ပြီး အဲ့ဒီဈေးနှုန်းက ကမ္ဘာ့ရွှေဈေးနှုန်းသတ်မှတ်ချက်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ဟာ အမေရိကန်အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းတဲ့ ၇ ရက်မြောက်နေ့ဖြစ်ပါတယ်။ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းတာက စီးပွားရေးဆိုင်ရာ အဓိကညွှန်းကိန်းတွေကို ထုတ်ပြန်ဖို့ ရွှေ့ဆိုင်းမှုတွေ ဖြစ်ပေါ်စေပါတယ်။

ဒီလိုဖြစ်မှုဟာ ရင်းနှီးမြှုပ်နှံသူတွေကို အခြားနေရာမှာ ရင်းနှီးမြှုပ်နှံမှုဖြစ်စေတဲ့ တွန်းအားတခုပဲဖြစ်ပါတယ်။

အစိုးရရဲ့ စံသတ်မှတ်မှုတွေ မရှိတဲ့အချိန်မှာ ငွေဈေးနှုန်းတွေလည်း တက်လာပါတယ်။ ဒီလ ဖက်ဒရယ်အစည်းအဝေးတွေမှာ ရင်းနှီးမြှုပ်နှံသူတွေက ၀ ဒသမ ၂၅  ရာခိုင်နှုန်း အတိုးနှုန်းသတ်မှတ်မှုကို အသုံးပြုနေပြီး ဒီဇင်ဘာလမှာ နောက်ထပ် ၀ ဒသမ ၂၅ ရာခိုင်နှုန်း အတိုးနှုန်းထပ်ပြီး သတ်မှတ်ဖို့လည်း မျှော်လင့်ထားပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013