
ပဲခူးတိုင်း ပျဥ်ပုံကြီးတပ်နယ်အပိုင် ၃၉ မိုင် စစ်ဆေးရေးဂိတ်မှာ အောက်တိုဘာ ၄ ရက် ညနေ ၄ နာရီက စာချဆရာတော် စီးလာတဲ့ nissan X-Trail ယာဥ်ကို ဗိုလ်ကြီးခန့်ဇော်က သိမ်းဆည်းယူဆောင်သွားတယ်လို့ မြိုခံတွေဆီက သိရပါတယ်။
မကွေးမြို့ မဟာရတနာရာမ စာသင်တိုက် စာချဆရာတော် စီးလာသော nissan X-Trail RLG 22 34 ယာဥ်ကို စစ်တပ်က စစ်ဆေးပြီး ဆရာတော်နဲ့ ယာဥ်မောင်းဆီက ဖုန်းတွေသိမ်းကာ ကားကို ဗိုလ်ကြီး ခန့်ဇော်ဆိုသူက စီးသွားတာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“ဘုန်းကြီးကားကို ရပ်ခိုင်းပြီး စစ်တာ ၃ နာရီကြာတယ်၊ ယာဥ်မောင်းနဲ့ဆရာတော်ဆီက ဖုန်းတွေသိမ်းတယ်။ ည ၇ နာရီလောက်မှာ ဖုန်းတွေပြန်ပေးပြီး ကားကို ပျဥ်းပုံကြီးတပ်နယ်က ဗိုလ်ကြီးခန့်ဇော်က သိမ်းသွားတယ်၊ ဝစ်သောက်ကားမဟုတ်ဘူး၊ အလှူရှင်လှူထားတယ်ဆိုတာ ရှင်းပြလို့မရဘူး။”
ဆရာတော်ကား သိမ်းဆည်းခံရတာကို ပဲခူးမြို့က သံဃာတော်တွေက သိရှိပြီးနောက် ပျဥ်ပုံကြီးအခြေစိုက် အမှတ် ၉၀၁ အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ်ကို သွားရောက် အသနားခံခဲ့ပေမဲ့ တပ်နယ်က တပခတိုင်းစစ်ဌာနချုပ်ကို ကြေးနန်းတင်လိုက်တာကြောင့် ပြန်ပေးမရဘူးလို့ ပြောဆိုကြောင်း ဆရာတော်တပါးက DVB ကို မိန့်ပါတယ်။
"၅ ရက်နေ့က ပဲခူးနဲ့မကွေးက ဆရာတော်တွေ မစခ ၉၀၁ ကိုသွားပြီး အသနားခံတယ် မရဘူး။ တိုင်းစစ်ဌာနချုပ်ကို ကြေးနန်းတင်လိုက်ပြီ၊ ပြန်မပေးဘူးလို့ပြောတယ်။ ယာဥ်မောင်း ကိုသူရ ကို ခံဝန်ထိုးခိုင်းတယ်၊ ကားက လက်ရှိ ဗိုလ်ကြီး ခန့်ဇော်စီးနေတယ်"