
လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာအသုံးပြုသွားမယ့် အမေရိကန်ဒေါ်လာ ၁၆၀ တန် ဘောလုံးအသစ်ကို ကမ္ဘာ့ဖလားဘောလုံးအဖွဲချုပ်(ဖီဖာ) က မိတ်ဆက်ပြသွားပါတယ်။
The Adidas Trionda လို့ အမည်ပေးထားပြီး လှိုင်း ၃ ခုလို့ အဓိပ္ပါယ်ရှိတဲ့ ဘောလုံးအသစ်ဒီဇိုင်းကို ကမ္ဘာ့ဖလားပူးတွဲအိမ်ရှင်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတွေရဲ့ အရောင် ၃ ခုနဲ့ ဖန်တီးထားတာပါ။
အဖြူရောင်ဘောလုံးပေါ်မှာ အမေရိကန်ကိုယ်စားပြု အပြာရောင်ကြယ်၊ ကနေဒါကိုယ်စားပြု အနီရောင်မေပယ်ရွက်နဲ့ မက္ကဆီကို ကိုယ်စားပြု အစိမ်းရောင်လင်းယုန်ငှက်တွေနဲ့ ဒီဇိုင်းဆွဲထား ပါတယ်။
ဒိုင်လူကြီးတွေနဲ့ ကစားသမားတွေရဲ့အချက်အလက်တွေအပါအဝင် လူကျွံဘောတွေကိုလည်း တိကျစွာပြသပေးမယ့် နည်းပညာတွေပါဝင်ပြီး Adidas ကထုတ်သမျှ ဘောလုံးတွေထဲမှာ အဆန်းသစ်ဆုံး ဖန်တီးမှုတွေပါဝင်တဲ့ဘောလုံးဖြစ်ကြောင်း Adidas က ထုတ်ပြန်ပါတယ်။
ကမ္ဘာ့ဖလားဘောလုံး အသစ်ဒီဇိုင်းကို AI ကလည်း ပံ့ပိုးပေးထားပြီး ကမ္ဘာ့ဖလားပွဲစဉ် ၁၀၄ ပွဲရဲ့ အချက်အလက်တွေ အားလုံးကို ဘောလုံးကနေတဆင့် မှတ်တမ်းတင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
Photo:sports.yahoo


