ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့မှာ ဘီလူးချောင်းရေ တက်လာလို့ မြေနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ နမ့်ကွက်၊ မင်းစု၊ ဒေါနိုးကူးနဲ့ ရှမ်းစု စတဲ့ရပ်ကွက်တွေ အပါအဝင် ရပ်ကွက် ၈ ခုလောက် ရေဝင်နေတဲ့အတွက် မြို့ခံတွေ ပြောင်းရွှေ့နေရပြီလို့ ဒေသခံတွေက ဆိုပါတယ်။
မုန်တိုင်းအရှိန်နဲ့ မိုးကြီးခဲ့တဲ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်မှာ မိုးဗြဲဆည်ကို ဖောက်ချလိုက်တဲ့အတွက် အခုလို လူနေရပ်ကွက်တွေထဲထိ ရေတက်လာတာ ဖြစ်ပါတယ်။
ရေတက်နေတာ ၁၀ ရက်ကျော်နေပြီဖြစ်တဲ့အပြင် မိုးထပ်ရွာရင် မနှစ်ကလို ရေကြီးနိုင်တဲ့ အခြေအနေမျိုး ကြုံနိုင်တာကြောင့် ဘီလူးချောင်းရေကို စောင့်ကြည့်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းကလည်း မိုးဗြဲဆည် ဖောက်ချလိုက်လို့ လွိုင်ကော်၊ ဘောလခဲနဲ့ ဖယ်ခုံဘက်အခြမ်းတွေမှာ ရေကြီးရေလျှံမှု အဆိုးဝါးဆုံး ကြုံတွေ့ခဲ့ရပြီး စစ်ဘေးရှောင် သောင်းနဲ့ချီ ရေဘေးသင့်ကာ လယ်စပါးဧက ထောင်နဲ့ချီ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
မောရစ်