
ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းဟာ စက်တင်ဘာ ၂၉ ရက်မှာ အစိုးရမူဝါဒ အစီအစဉ်ကို လွှတ်တော်ဆီ တင်ပြခဲ့ပြီး အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို ပြန်အသက်သွင်းဖို့ ချက်ချင်းလုပ်ဆောင်မယ့် အချက်တွေကို အာရုံစိုက် လုပ်ဆောင်ခဲ့ပါတယ်။
အနုထင်းရဲ့ မူဝါဒတွေထဲမှာ လူနေမှုစရိတ်တွေ လျှော့ချဖို့၊ အိမ်ထောင်စုကြွေးမြီတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းကို လှုံ့ဆော်ဖို့ အစီအမံတွေ ပါပါတယ်။
ထိုင်းနိုင်ငံဟာ ခုအခါမှာ အမေရိကန်ရဲ့ အခွန်စည်းကြပ်မှု၊ အိမ်အကြွေး မြင့်မားမှု၊ အသုံးအစွဲ အားနည်းမှုနဲ့ ဘတ်ငွေတန်ဖိုး မြင့်တက်လာမှုတို့ကို ရင်ဆိုင်နေရပါတယ်။
တခြားဦးစားပေး လုပ်ငန်းတွေထဲမှာ ကမ္ဘောဒီးယားနိုင်ငံနဲ့ အငြင်းပွားမှုကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းရေး၊ တရားမဝင် လောင်းကစားရုံတွေကို တိုက်ဖျက်ဖို့နဲ့ အဆင့်မြင့်သတိပေးစနစ်တွေကို သုံးခြင်းအားဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုတွေကို တိုးမြှင့်ဆောင်ရွက်ဖို့တို့ ပါဝင်ပါတယ်။
အနုထင်း ဦးဆောင်တဲ့ အစိုးရဟာ သူ့အစီအမံတွေကို အကောင်အထည်ဖော်ဖို့ အကန့်အသတ်ရှိပြီး ဝန်ကြီးချုပ်ဟာ ဇန်နဝါရီလကုန်မှာ လွှတ်တော်ကို ဖျက်သိမ်းဖို့ စီစဉ်ထားပါတယ်။
မတ်လ ဒါမှမဟုတ် ဧပြီလအစောပိုင်းမှာ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ထားတယ်လို့ ပြီးခဲ့တဲ့ အပတ်က ကြေညာခဲ့ပါတယ်။
Source: Reuters




