
အစ္စရေးအသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲကနေ ထုတ်ပယ်မယ့် အစီအစဉ်ကို အမေရိကန်နိုင်ငံက ဆန့်ကျင်ကန့်ကွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အစ္စရေးအနေနဲ့ ဂါဇာမှာ ထိုးစစ်ဆင်နေတာတွေက လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်တယ်လို့ ကုလသမဂ္ဂ အရာရှိက ပြောဆိုခဲ့ပြီးနောက် စပိန်ဝန်ကြီးချုပ် ပေဒရိုဆန်းချက်ဇ်က အစ္စရေးအပေါ် အားကစားဆိုင်ရာအရ ပိတ်ပင်မှုတွေ လုပ်ဆောင်ဖို့ အဆိုပြု တိုက်တွန်းခဲ့တာပါ။
လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကို အမေရိကန် အပါအဝင် ကနေဒါနဲ့ မက္ကဆီကို ၃ နိုင်ငံက ပူးတွဲကျင်းပမှာဖြစ်ပြီး အစ္စရေးကို ခြေစစ်ပွဲကနေ ဖယ်ရှားမယ့် အဆိုပြုချက် အားလုံးကို ဆန့်ကျင်ကန့်ကွက်သွားမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က BBC Sport နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ဥရောပဘောလုံးအဖွဲ့ချုပ်ဘက်ကတော့ စီနီယာအဖွဲ့ဝင်တွေဘက်က အစ္စရေးကို အရေးယူမှုတချို့ လုပ်ဆောင်ဖို့ ဆန္ဒရှိတယ်လို့ သိရပါတယ်။
အစ္စရေးဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အဖြစ် လာမယ့် အောက်တိုဘာ ၁၁ ရက်မှာ နော်ဝေအသင်းနဲ့ အော်စလိုမှာ ယှဉ်ပြိုင်သွားဖို့ရှိပါတယ်။
Photo: Reuters