Home
မြန်မာသတင်း
ရွေးကောက်ပွဲပြီးစီးပါက အာဏာလွှဲပေးမည်ဟု စစ်ခေါင်းဆောင် ကတိပြု
DVB
·
September 26, 2025

၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်က လာမယ့် ရွေးကောက်ပွဲ ကျင်းပပြီးစီးသွားပါက နိုင်ငံတော်တာဝန်တွေကို လွှဲပြောင်းပေးအပ်သွားမယ်လို့ ကတိပြု ပြောကြားလိုက်ပါတယ်။

ရုရှားသမ္မတပူတင်နဲ့ စက်တင်ဘာ ၂၅ ရက် ညနေပိုင်းက ရုရှားနိုင်ငံ၊ ကရင်မလင်နန်းတော်မှာ တွေ့ဆုံစဥ် ပြောကြားခဲ့တာပါ။

စစ်ခေါင်းဆောင်က မကြာခင်ကာလအတွင်း မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပြီး ကျင်းပပြီးစီးပါက ဒီမိုကရေစီ စံနှူန်းတွေနဲ့အညီ နိုင်ငံတော်တာဝန်ကို လွှဲအပ်သွားမှာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပချိန်မှာလည် နိုင်ငံတကာမှ လေ့လာရေးအဖွဲ့တွေကိုလည်း ဖိတ်ခေါ်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့ စတင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်းအရေအတွက် အများဆုံးဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

ရုရှားနိုင်ငံကို အလုပ်သဘောခရီးနဲ့ ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်ဟာ စက်တာဘာ ၂၅ ရက်ကနေ ၂၇ ရက်အထိ ကျင်းပမယ့် ကမ္ဘာ့အဏုမြူဖိုရမ်ကို တက်ရောက်သွားမှာဖြစ်သလို ကာဇက်စတန် နိုင်ငံကိုလည်း အလုပ်သဘောသွားရောက်ဖို့ ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024