Home
နိုင်ငံတကာ
ဆူဒန်တွင် တုပ်ကွေးအဖျားရောဂါ ကူးစက်ပျံ့နှံ့
DVB
·
September 25, 2025
Photo: REUTERS/El Tayeb Siddig

ပဋိပက္ခကြောင့် အခြေခံအဆောက်အအုံတွေနဲ့ ဆေးရုံတွေ ပျက်စီးခဲ့ရတဲ့ ဆူဒန်နိုင်ငံအတွင်း ထောင်နဲ့ချီတဲ့ ဆူဒန်လူမျိုးတွေဟာ ရာသီအလိုက် မိုးရွာလို့ တုပ်ကွေးနဲ့ တခြားရောဂါတွေရဲ့ သားကောင်ဖြစ်ခဲ့ရတယ်လို့ ဆူဒန်ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

ဆူဒန်မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာသူ သန်းပေါင်းများစွာဟာ တခြားသူတွေ ဆက်လက်ထွက်ပြေးနေကြချိန်မှာ ဆူဒန်ကို ပြန်လာခဲ့ကြလို့ အခုနှစ်အတွင်း တုပ်ကွေး၊ ကာလဝမ်းရောဂါနဲ့ ငှက်ဖျားရောဂါလို ရောဂါတွေ ပုံမှန်မဟုတ်ဘဲ ကူးစက် ပျံ့နှံ့နေပါတယ်။

လပေါင်း ၃၀ နီးပါးကြာနေတဲ့ စစ်ပွဲရဲ့ လျှို့ဝှက်ကုန်ကျစရိတ်တွေကို မီးမောင်းထိုးပြနေတာလည်း ဖြစ်ပါတယ်။

ဆူဒန်စစ်တပ်က မြို့တော်ခါတွန်နဲ့ နိုင်ငံရဲ့ တခြားအစိတ်အပိုင်းတွေကို ပြန်သိမ်းပိုက်နိုင်ခဲ့ပေမဲ့ ဆူဒန်စစ်တပ်နဲ့ အရံအမြန်ထောက်ပံ့ရေး တပ်ဖွဲ့တွေကြား ပဋိပက္ခဟာ ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖန်တီးခဲ့ပြီး အငတ်ဘေးကို ပျံ့နှံ့စေတဲ့အပြင် နှေးကွေးသွားမယ့် အရိပ်အယောင်တွေကိုလည်း မပြခဲ့ပါဘူး။

မောပန်းနွမ်းနယ်နေတဲ့ လူနာတွေဟာ ဒုတိယအကြိမ် ကူးစက်ခံရရင် သေဆုံးနိုင်တဲ့ ရောဂါအတွက် အဓိကကုသမှုဖြစ်တဲ့ သွေးကြောကနေ ပါရာစီတမော သွင်းပေးတာကို လက်ခံရရှိထားလို့ အွန်မ်ဒါမဲန်ဆေးရုံက လူနာဆောင်အတွင်း ခြင်ထောင်အောက်မှာ အိပ်ပျော်နေပါတယ်။

စက်တင်ဘာ ၂၃ ရက်မှာ ကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ တုပ်ကွေးရောဂါဖြစ်သူ အယောက် ၂,၀၀၀ ကျော်ကို မှတ်တမ်းတင်ခဲ့ပြီး အများစုက ခါတွန်မြို့မှာ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပေမဲ့ အမှန်တကယ် ဖျားနာသူ အရေအတွက်က ပိုများနိုင်တယ်လို့ ဝန်ကြီးက ပြောခဲ့ပါတယ်။

တုပ်ကွေးကူးစက်ခံရသူ ၈၀ ရာခိုင်နှုန်းက  ဆေးရုံမတက်လို့ ဆူဒန်တဝန်းမှာ အရင်ကာလအတွင်း လူသောင်းနဲ့ချီ ကူးစက်ခံရနိုင်တယ်လို့ မျှော်လင့်ထားကြောင်း ဆူဒန် ကျန်းမာရေးဝန်ကြီးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ရောဂါပိုးသယ်ဆောင်တဲ့ ခြင်တွေက အိမ်တွေထဲက ရေတွေထဲမှာ ရှင်သန်နေထိုင်ကြတာပါ။

ဆူဒန်နိုင်ငံမှာ တိုက်ပွဲတွေကြောင့် ဓာတ်အားလိုင်းတွေနဲ့ ရေသွယ်တန်းတဲ့စနစ်တွေ ပျက်စီးခဲ့ပြီး လူတွေက ရေတွေကို အိမ်မှာ သိုလှောင်ထားကြတာပါ။ ပိုးသတ်ဆေးဖျန်းတဲ့ စနစ်တွေ ပျက်စီးခဲ့တယ်လို့ ဝန်ကြီးက ပြောပါတယ်။

လူထုကို ကာကွယ်ဆေးထိုးဖို့နဲ့ ရေကိုကျိုချက်သောက်ဖို့ ကြိုးပမ်းချက်တွေကြောင့် မြို့တော်မှာ ကာလဝမ်းရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ခဲ့ပေမဲ့ ဒါဖာဒေသမှာ ရောဂါကူးစက်မှု အမြင့်ဆုံးအဖြစ် လွန်ခဲ့တဲ့ ၄ လအတွင်း ဖြစ်ပွားသူ ၁၂,၇၃၉ ယောက် ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စက်တင်ဘာ ၂၃ ရက်မှာ ပြောခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013