
အီကွေဒေါနိုင်ငံတောင်ပိုင်းမှာ စက်တင်ဘာ ၂၂ ရက်က ဂိုဏ်းသားတွေ တိုက်ခိုက်ရာကနေ ထောင်တွင်းအဓိကရုဏ်းဖြစ်ပြီး လူ ၁၄ ယောက် သေဆုံးကာ ၁၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ ရဲချုပ်က ပြောပါတယ်။
ဂါယာကွီးလ် မြို့တော်တောင်ဘက်ရှိ မာချလာဆိပ်ကမ်းမြို့က အကျဉ်းကျနေကြတဲ့ ထောင်သားတွေထဲက လော့စ်လိုဘိုဂိုဏ်းနဲ့ ဆောဘော့ခ်စ် ဂိုဏ်းဝင်တွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီးနောက်မှာ အကြမ်းဖက်မှု စတင်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။
အကျဉ်းခန်းလိုင်းတန်းကို ထိန်းချုပ်ထားတဲ့ အကျဉ်းသားတွေဟာ အကျဉ်းထောင်ကနေ လွတ်မြောက်ဖို့ ကြိုးစားခဲ့ပြီးနောက်မှာ အာဏာပိုင်တွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီးနောက်မှာ အစောင့် ၁ ယောက် သေဆုံးသွားပြီး အရာရှိတွေကို ပြန်ပေးဆွဲခဲ့ကြောင်း ရဲချုပ် ဝီလျံမ်ကာယယ်က အက်ကွာဗီးဆာ TV ကွန်ရက်ကို ပြောပါတယ်။
အကျဉ်းသားတချို့ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး အခုချိန်ထိတော့ ၁၃ ယောက်ကို ပြန်လည် ဖမ်းဆီးရမိခဲ့ကြောင်း အီကွေဒေါရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အီကွေဒေါနိုင်ငံဟာ မကြာသေးမီနှစ်တွေအတွင်း အကျဉ်းထောင်အဓိကရုဏ်းတွေနဲ့ နပန်းလုံးခဲ့ပြီး ရာနဲ့ချီတဲ့ အကျဉ်းသားတွေ သေဆုံးခဲ့ပါတယ်။
ရာဇဝတ်မှုတွေကို နှိမ်နင်းမယ်လို့ ကတိပြုထားတဲ့ သမ္မတ ဒန်နီရယ်နိုဘိုအာ အစိုးရကတော့ ဒီရန်ပွဲတွေဟာ နယ်မြေနဲ့ ထိန်းချုပ်မှုကိုအသာစီးယူနိုင်ဖို့ ကြိုးစားနေတဲ့ ဂိုဏ်းအဖွဲ့တွေရဲ့ ထိပ်တိုက်တွေ့မှုလို့ သဘောထားတာ ဖြစ်ပါတယ်။
Source: Reuters


