
မက္ကဆီကိုနိုင်ငံတောင်ပိုင်း ဗီလာဟာမိုဆာမြို့ရှိ အကျဉ်းထောင်မှာ အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေဟာ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေကို ချုပ်နှောင်ထိန်းသိမ်းထားရာ အကျဉ်းထောင် ထဲကို ချိုးဖျက်ဝင်ရောက်ဖို့ ကြိုးစားခဲ့တာကြောင့် ဒီဇင်ဘာ ၁၉ ရက်မှာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
အကျဉ်းထောင်အတွင်းမှာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပြီးနောက်မှာ ခုလို မငြိမ်မသက်မှုတွေ ပေါ်လာတာပါ။
အစိုးရတပ်ဖွဲ့တွေဟာ အကြမ်းဖက်အကျဉ်းသား ၂ ယောက်အတွက် လွှဲပြောင်းအမိန့်ကို အကောင်အထည်ဖော်နေတုန်း သေနတ်ပစ်ခတ်မှုတွေနဲ့ ဖျက်ဆီးမှုတွေကို ကြုံခဲ့ရတယ်လို့ တာဘာစ်ကို ပြည်နယ်လုံခြုံရေးဝန်ကြီး ဗစ်တာဟူးဂိုးရှာဗက်ဇ်က ပြောပါတယ်။
“မနက် ၅ နာရီလောက်မှာ အစိုးရအဆင့် ၃ ဆင့်စလုံးက တပ်ဖွဲ့ဝင်တွေက ပြည်နယ်တွင်း အကြမ်းဖက်မှုတွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ အကျဉ်းသား ၂ ယောက်ကို လွှဲပြောင်းပေးဖို့ အမိန့်ကို ဆောင်ရွက်ဖို့ ထောင်ထဲဝင်လာကြတယ်။ ဝင်လာချိန်မှာ အာဏာပိုင်တွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီးတော့ ထောင်ဝင်းထဲမှာ ပရိဘောဂတွေနဲ့ အမှိုက်တွေကို မီးရှို့ဖျက်ဆီးမှုတွေ အပါအဝင် တခြား ဖျက်ဆီးမှုတွေ စတင်လုပ်ဆောင်ခဲ့ကြတယ်။”
အဓိကရုဏ်းကြောင့် အနည်းဆုံး ၂ ယောက်သေဆုံးခဲ့ပေမဲ့ သေဆုံးသူဦးရေက ပိုများလာတယ်လို့ ကောလာဟလတွေလည်း ထွက်ပေါ်နေတာပါ။
အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေက သူတို့ကို သတင်းအချက်အလက်တွေ ထပ်မပေးတဲ့ အတွက် အချုပ်အနှောင်ကျ သူတို့ရဲ့မိသားစုဝင် ချစ်ခင်ရသူတွေအတွက် စိုးရိမ်ပူပန်မှုတွေ တိုးလာရတယ်လို့လည်း ပြောကြပါတယ်။
Source-Reuters


