ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က အိမ်မွေးတိရစ္ဆာန်ချစ်သူတွေ စုပေါင်းကျင်းပခဲ့တဲ့ “ခွေးလေးများနှင့် မိတ်ဆွေများ ဥယျာဉ်ပါတီ” ကို စက်တင်ဘာ ၁၉ ရက်က Jing Jai Market မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီပွဲကို စက်တင်ဘာ ၁၈ ရက်ကစပြီး ၁၉ ရက်ထိ ၂ ရက်ကြာ ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။
ဒီပွဲမှာ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေနဲ့ သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန် အဖော်လေးတွေအတွက် ပျော်ရွှင်စရာကောင်းတဲ့ ပွဲတော်တခုအဖြစ် ဖန်တီးပေးခဲ့ပြီး အိမ်မွေးတိရစ္ဆာန် ကျန်းမာရေးနဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ပိုင်ရှင်တွေရဲ့ ပျော်ရွှင်စရာရပ်ဝန်းတခု တည်ဆောက်ပေးဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။
ဒီပွဲကို တက်ရောက်လာသူတွေဟာ အခမဲ့ အိမ်မွေးတိရစ္ဆာန် ကျန်းမာရေးစစ်ဆေးတာနဲ့ ဖန်တီးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အပါအဝင် လှုပ်ရှားမှု အစုံအလင်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
ဒီပွဲကို တက်ရောက်ခဲ့တဲ့ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တယောက်ဖြစ်သူ ဂျင်(မ်) က သူ့ရဲ့အတွေ့အကြုံကို မျှဝေခဲ့ပါတယ်။
“ထိုင်းနိုင်ငံ၊ အထူးသဖြင့် ချင်းမိုင်မှာ အိမ်မွေးတိရစ္ဆာန်ပွဲလေးတွေ၊ ဥယျာဉ်ထဲမှာလုပ်တဲ့ ပါတီလေးတွေ ဒီလိုမျိုးပွဲတွေက အနည်းငယ်ပဲ ရှိသေးတာဆိုတော့ ဒါဟာ အခွင့်အရေးကောင်းတခုလို့ ကျနော် ထင်ပါတယ်။ ဒါက တခြားအိမ်မွေးတိရစ္ဆာန် မွေးထားတဲ့သူတွေကို ပိုပြီးသိရှိစေဖို့နဲ့ ဒီလိုပွဲမျိုးဟာ ဒီနေ့ခေတ် လူ့အဖွဲ့အစည်းအတွက် ကောင်းမွန်တဲ့ အသိုင်းအဝိုင်းတခု ဖြစ်လာနိုင်တယ် ဆိုတာကို သိရှိစေဖို့ အခွင့်အရေးကောင်းတခု ဖြစ်စေပါတယ်။”
ဒီပွဲမှာ အိမ်မွေးတိရစ္ဆာန်သုံးပစ္စည်းမျိုးစုံနဲ့ သာမန်ဆိုင်တွေမှာ ရှာရခဲတဲ့ ဇီဝခွေးစာတွေကိုပါ ရောင်းချပေးတဲ့ ဆိုင်ခန်းတွေလည်း ပါဝင်ခဲ့ပါတယ်။