ရွှေဝါရောင်သံဃာ့အရေးအခင်း ၁၈ နှစ်ပြည့်နေ့ အမှတ်တရအခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၊ မယ်ပတိုက်နယ်မှာ စက်တင်ဘာ ၁၈ ရက် ဒီကနေ့ ကျင်းပသွားပါတယ်။
မြန်မာပြည်သူတွေအတွက် စီးပွားတိုးတက်ရေး၊ မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားတွေနဲ့ ဖယ်ဒရယ်အရေး ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ရွှေဝါရောင်သံဃာတော်တွေက တိုက်တွန်းပါတယ်။
စစ်အာဏာရှင်လက်အောက် မြန်မာနိုင်ငံအတွင်းက အခြေအနေတွေဟာ ပိုမိုဆိုးရွားလာနေတယ်လို့ ရွှေဝါရောင် ဆရာတော်တပါးဖြစ်တဲ့ မင်းသုညက မိန့်ကြားပါတယ်။
စစ်အုပ်စုဟာ သံဃာတော်တွေကို နှိပ်စက်တာ၊ ထောင်ချတာတွေပြုလုပ်နေဆဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ဒေါ်နှင်းနှင်းမွှေးကလည်း ပြောပါတယ်။
ဒီအခမ်းအနားကို မဲဆောက်ရောက် နိုင်ငံရေးလှုပ်ရှားသူတွေ၊ ရွေ့ပြောင်းလုပ်သားတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
၂၀၀၇ ခုနှစ် စက်တင်ဘာလမှာဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးဟာ သံဃာတော်တွေကို ဦးဆောင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ သံဃာ့အရေးအခင်းဖြစ်ပြီး စစ်တပ်ရဲ့ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုကြောင့် သံဃာတော်တွေ သွေးမြေကျခဲ့ရတာဖြစ်ပါတယ်။