
NATO အဖွဲ့ဝင် ၃ နိုင်ငံဖြစ်တဲ့ အမေရိကန်၊ တူရကီနဲ့ ဟန်ဂေရီတို့ အပါအဝင် နိုင်ငံ ၂၃ နိုင်ငံက ကိုယ်စားလှယ်တွေဟာ ဘယ်လာရုစ်နိုင်ငံမှာ ဇာပဒ် စစ်ရေးလေ့ကျင့်ပွဲ ဆင်နွှဲနေတာကို လေ့လာ စောင့်ကြည့်ခဲ့တယ်လို့ နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ရေးလေ့ကျင့်မှုအပြီးမှာ အမေရိကန် စစ်သံမှူးကို စစ်ဘက်ဆိုင်ရာ စက်ပစ္စည်းပြပွဲမှာ မြင်တွေ့ခဲ့ရပါတယ်။
ပိုလန်က သူ့လေပိုင်နက်ထဲ ကျူးကျော်ဖြတ်သန်းလာတဲ့ ရုရှား မောင်းသူမဲ့လေယာဉ်တွေကို ပစ်ချပြီး ၂ ရက်အကြာမှာ NATO နဲ့ တင်းမာမှု မြင့်တက်လာချိန် သောကြာနေ့ကစပြီး ရုရှားနဲ့ ဘယ်လာရုစ် နှစ်နိုင်ငံစလုံးက လေ့ကျင့်ရေးကွင်းတွေမှာ “ဇာပဒ်-2025” စစ်ရေးလေ့ကျင့်မှုကို လေ့ကျင့်နေတာ ဖြစ်ပါတယ်။
'Zapad 2025' စစ်ရေးလေ့ကျင့်မှုရဲ့ တစိတ်တပိုင်းအဖြစ် အသံထက်မြန်တဲ့ ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်ထားတဲ့ ရုရှားနိုင်ငံထုတ် MiG-31 ဂျက်တိုက်လေယာဉ်တွေဟာ ဘားရန့်စ်ပင်လယ်ရဲ့ နိုင်ငံတကာ ရေပိုင်နက်ပေါ်ကနေ ၄ နာရီကြာ ပျံသန်းမှု ပြီးဆုံးခဲ့တယ်လို့ အင်တာဖက်စ် သတင်းဌာနက စက်တင်ဘာ ၁၃ ရက်မှာ ဖော်ပြပါတယ်။
Source: Reuters