
အခုနှစ်ရာသီဟာ တိုက်စစ်မှူးဟာလန်းရဲ့ အကောင်းဆုံးနှစ် ဖြစ်လာမယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောသွားပါတယ်။
နော်ဝေတိုက်စစ်မှူးဟာ စက်တင်ဘာ ၁၄ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာဒါဘီမှာ ၂ ဂိုး ထပ်သွင်းခဲ့ပြီး ပွဲစဉ် ၄ အပြီးမှာ ပရီးမီးယားလိဂ် ၅ ဂိုးအထိ သွင်းယူထားပါတယ်။
ဟာလန်းဟာ ရာသီကြိုခြေစမ်းခရီးစဉ်တွေကတည်းက ထူးချွန်စွာ ကစားနိုင်ခဲ့ပြီး အရင်ကထက် ပိုပြီးကောင်းမွန်လာကြောင်းနဲ့ တရာသီအတွင်း ဆုဖလား ၃ လုံး ရယူနိုင်ခဲ့စဉ်ကထက်တောင် ပိုပြီးကောင်းမွန်လာနိုင်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
ဟာလန်းဟာ ဆုဖလား ၃ လုံး ရခဲ့တဲ့ ၂၀၂၂-၂၀၂၃ ရာသီမှာ ပြိုင်ပွဲစုံ ၅၂ ဂိုး သွင်းခဲ့တာပါ။ အခုနှစ်ရာသီက ဟာလန်းရဲ့ ကစားသမားဘဝတလျှောက် အကောင်းဆုံး ဘောလုံးရာသီ ဖြစ်လာမယ်လို့လည်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။
Photo:Reuters