Home
အနုပညာ
တော်လှန်အနုပညာရှင်များ အတွက် 24 FM Online Streaming Platform စတင်
DVB
·
September 15, 2025

စစ်အာဏာရှင်ကြောင့် မြန်မာနိုင်ငံတွင်းက တိမ်းရှောင်လာတဲ့ မြန်မာအနုပညာရှင်တွေနဲ့ ရုပ်ရှင်ဖန်တီးသူတွေ စုပေါင်းပြီး လွတ်လပ်စွာ ဖန်တီးခွင့် ထိန်းသိမ်းမြှင့်တင်ဖို့အတွက် 24 FM အမည်ရှိ Online Streaming Platform တခုစတင်ခဲ့တယ်လို့ 24 FM တည်ထောင်သူတွေဆီကနေ သိရပါတယ်။

တော်လှန် အနုပညာရှင်တွေရဲ့ လွတ်လပ်တဲ့ အသံတွေအတွက် နေရာတခု ဖန်တီးပေးဖို့၊ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီလှုပ်ရှားမှုကို အထောက်အကူပြုမယ့် ကိုယ်ပိုင်ရပ်တည်တဲ့ လုပ်ငန်းစုတခု ဖန်တီးပေးဖို့နဲ့ ရုပ်ရှင်ဖန်တီးသူတွေအတွက် ထိုက်တန်တဲ့ အကျိုးအမြတ်ရရှိမယ့် PayPal View စနစ်နဲ့ နောက်ပိုင်း လစဉ်ကြေး Subscription နဲ့ လည်ပတ်မယ့် လုပ်ငန်းတခု ဖြစ်တယ်လို့လည်း သိရပါတယ်။

24 FM ဟာ အမှန်တရားဘက်က ရပ်တည်တဲ့ ပြည်ပကို တိမ်းရှောင်လာတဲ့ အနုပညာရှင်တွေ တည်ထောင်ထားတဲ့ ပလက်ဖောင်းတခုဖြစ်ပြီး စစ်အာဏာရှင်နဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်လို့ဖြစ်စေ ထိစပ်လုပ်ကိုင်ဖူးသူတွေနဲ့ အလုပ်လုပ်ကိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

24 FM ဖွင့်ပွဲကိုတော့ အောက်တိုဘာ ၅ ရက်မှာ "What Happened to the Wolf?" ရုပ်ရှင်ကို ကမ္ဘာတဝန်း အွန်လိုင်းကနေ သီးသန့် ပြသတာနဲ့ စတင်မှာဖြစ်ပြီး စက်တင်ဘာ ၁၅ ရက် ညနေပိုင်းကစတင် လက်မှတ်တွေ ရောင်းချသွားမယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024