
ထိုင်းနိုင်ငံမှာ ပြည်သူ့ကျန်းမာရေးကာကွယ်ရေး စည်းမျဥ်းသစ်အရ စာသင်ကျောင်းတွအနီးမှာ ဘိန်းစာရွက်နဲ့ ပတ်သက်တာတွေ၊ အချိုရည်၊ သွားရေစာတွေအဖြစ် ရောင်းချတာမျိုးတွေကို တားမြစ်လိုက်ပြီး ပြစ်မှုကျူးလွန်သူတွေကို ဘတ် ၅ သောင်းအထိ ဒဏ်ရိုက်နိုင်တဲ့အကြောင်း The Nation Thailand သတင်းမှာ စက်တင် ဘာ ၁၁ ရက်က ဖော်ပြပါတယ်။
ထိုင်းနိုင်ငံ တရားရေးဝန်ကြီး ထဝီ ဆော့ဒ်ဆောင်နဲ့ ပြည်သူ့ကျန်းမာရေးဝန်ကြီး ဆွမ် ဆက်ခ် ထက်ဆုထင်တို့က စက်တင်ဘာ ၁၁ ရက်မှာ ဘိန်းစာရွက် ရောင်းချမှုနဲ့ စပ်လျဉ်းတဲ့ ဝန်ကြီးဌာနဆိုင်ရာ စည်းမျဉ်းကို ပူးတွဲ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး ဒါဟာ အရွယ်မရောက်သေးသူတွေနဲ့ တခြားထိခိုက်လွယ်အုပ်စုတွေဆီ အလွယ်တကူ ရောက်ရှိနိုင်တဲ့ အများပိုင်နေရာတွေ၊ စာသင်ကျောင်းတွေအနီး ရောင်းချမှုအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာမှုကို ဖြေရှင်းပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ဒီစည်းမျဉ်းသစ်အရ စာသင်ကျောင်းနယ်နိမိတ်နဲ့ မီတာ ၁,၀၀၀ အတွင်း ဘိန်းစာရွက်နဲ့ အရည်ရောင်းချခြင်းကို တားမြစ်ထားသလို လမ်းဘေးဈေးသည်တွေ၊ ဒါမှမဟုတ် လမ်း ဘေးဆိုင်တွေမှာ ရောင်းချခြင်းကိုလည်း တားမြစ်လိုက်တာဖြစ်ကာ ဒီအမိန့်ကို ထိုင်း တော်ဝင်ဂေဇက်က ထုတ်ပြန်ပြီး ရက်ပေါင်း ၃၀ အကြာမှာ အသက်ဝင်မယ်လို့ ဆိုပါတယ်။
ဖောက်ဖျက်ကျူးလွန်သူတွေအနေနဲ့ ဒဏ်ငွေ ဘတ် ၅၀၀၀၀ အထိ ပေးဆောင်ရမှာဖြစ်ပြီး ဘိန်းစာရွက်အပင်အက်ဥပဒေအောက်က အရေးယူဆောင်ရွက်သွားမှာဖြစ်ကာ အများပြည်သူ သက်သေအနေနဲ့ အဆိုပါစည်းမျဉ်းကို ဖောက်ဖျက်တာတွေ သတင်းပေးပို့ လိုပါက မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံး ဒေသဆိုင်ရာ ဌာနခွဲတွေဆီ အကြောင်းကြားဖို့လည်း တိုက်တွန်းထားပါတယ်။
ဘိန်းစာရွက်အပင်အက်ဥပဒေအရ စာသင်ကျောင်းတွေ၊ အဆောင်တွေ၊ အများသူငှာ လည်ပတ်ရာ ပန်းခြံ၊ တိရစ္ဆာန်ရုံနဲ့ အပန်းဖြေဥယျာဉ်တွေမှာ ရောင်းချတာမျိုးတွေကို တားမြစ်ထားသလို အဆိုပါ အစီအမံတွေက ပြည်သူ့ကျန်းမာရေး၊ အထူးသဖြင့် အသက် ၁၈ နှစ်အောက် လူငယ်တွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ နို့တိုက်မိခင်တွေအတွက် ကာကွယ်ပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
Source ; The Nation Thailand