
အင်္ဂါဂြိုဟ်ပေါ်မှာ ရှေးယခင်က သက်ရှိတွေ ရှိခဲ့နိုင်တယ်လို့ ယူဆရတဲ့ အထောက်အထားတွေကို အမေရိကန် အာကာသအေဂျင်စီ (နာဆာ) စူးစမ်းလေ့လာရေးယာဉ်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။
Perseverance ယာဉ်က ရှာဖွေတွေ့ရှိခဲ့တဲ့ “ကျားသစ်ကွက်” ပုံစံ ကျောက်တုံးတွေထဲမှာ သက်ရှိတွေကနေ ထုတ်လုပ်တဲ့ ဓာတုဓာတ်ပြုမှုတွေရဲ့ သဲလွန်စတွေ ပါဝင်နေတာဖြစ်ပါတယ်။
ဒီအကွက်တွေဟာ ရှေးကျတဲ့ အင်္ဂါဂြိုဟ်ပေါ်က မိုက်ခရုဘ်လို့ခေါ်တဲ့ အဏုဇီဝသက်ရှိတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဓာတ်သတ္တုတွေ ဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားကြပါတယ်။
နာဆာကတော့ ဒီတွေ့ရှိမှုဟာ အင်္ဂါဂြိုဟ်ပေါ်မှာ တွေ့ရှိခဲ့သမျှထဲမှာ သက်ရှိတွေရဲ့ အရှင်းလင်းဆုံး လက္ခဏာ ဖြစ်နိုင်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ဒီဓာတ်သတ္တုတွေဟာ သက်ရှိမပါဝင်ဘဲ သဘာဝဘူမိဗေဒ ဖြစ်စဥ်တွေကြောင့်လည်း ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဟုတ်မဟုတ် အတိအကျ သိနိုင်ဖို့အတွက် ဒီကျောက်တုံးနမူနာတွေကို ကမ္ဘာမြေကို ပြန်သယ်လာပြီး စစ်ဆေးဖို့ လိုအပ်မှာဖြစ်ပါတယ်။
Perseverance ယာဉ်ဟာ အဲဒီကျောက်တုံးနမူနာတွေကို စုဆောင်းသိမ်းဆည်းထားပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ ကမ္ဘာကိုပြန်သယ်လာမယ့် စီမံကိန်းကတော့ သမ္မတထရမ့်ပ်ရဲ့ နာဆာရန်ပုံငွေ ဖြတ်တောက်မှုအရ ပယ်ဖျက်ခံရဖို့ များနေတယ်လို့ သိရပါတယ်။
Source: Reuters